spot_img

စာချုပ်သစ် ကိစ္စအကြောင်း နောက်တစ်ကြိမ် ဖွင့်ဟ လာပြန်တဲ့ မိုဆာလတ်

ဘောလုံးလောက မှာ ကစားသမား တစ်ယောက် က စာချုပ်သစ် ကမ်းလှမ်းမှု လိုချင်လာပြီ ဆိုရင် သူ့ရဲ့ အေးဂျင့် ကနေ တဆင့် သော်လည်းကောင်း ၊ သူ ကိုယ်တိုင်သော်လည်းကောင်း ထုတ်ဖော် ပြောဆိုကာ အရိပ်အကဲတွေ ချပြတတ်ကြပါတယ်။

မို ဆာလတ် ကတော့ အဲဒီ ဗျူဟာ ကို တော်တော်လေး အသုံးပြု လာနေတဲ့ ကစားသမား တစ်ယောက် လို့ မှတ်ချက်ပေးလို့ ရနေပါပြီ။

myan789

သူ့ရဲ့ အသက်ဟာ ဇွန်လ ရောက်ရင် 29 နှစ် ပြည့်တော့မှာ ဖြစ်ပြီး ၊ လက်ရှိ စာချုပ်သက်တမ်း က 2 နှစ်ခွဲ အထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အကယ်၍ နှစ် 30 ဝန်းကျင် ကို ရောက်ရှိ သွားပြီ ဆိုပါက အဆိုပါ ဘောလုံးသမားတွေကို စာချုပ်သစ် ကောင်းကောင်း ချုပ်ဆိုပေးကြဖို့ ကလပ် အသင်းတွေဘက်က အများကြီး စဉ်းစားလာကြပါတယ်။

မိုဆာလတ် ကတော့ အဲဒီ အတွက် ကြိုတင်ပြီး စိုးရိမ် နေတဲ့ အတွက်ကြောင့်လားတော့ မသိပါဘူး။ အခုနောက်ပိုင်း သတင်းသမားတွေ နဲ့ အင်တာဗျူးတွေ ခပ်စိပ်စိပ်လုပ်ရင်း စာချုပ်သစ် ကို ရည်ညွှန်းတဲ့ အကြောင်းအရာတွေကို ဆက်တိုက် ပြောဆိုလာလျှက် ရှိနေပါတယ်။

ရာသီဝက်တောင် မကျိုးသေးတဲ့ အချိန်မျိုးမှာ စပိန် က AS သတင်းစာနဲ့ တွေ့ဆုံကာ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့ဆီ ပြောင်းရွှေ့ဖို့ တံခါးတွေ ပိတ်မထားပါဘူး ၊ ရာမို့စ် နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလဲ ဗွေမယူ ပါဘူးလို့ ပြောခဲ့တဲ့ အကြောင်းတွေဟာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသလို ၊ သူ့ အပေါ်လဲ ဝေဖန်မှုတွေ ဆက်တိုက် မြင့်တက်ခဲ့ ပါတယ်။

အဲဒီ အင်တာဗျူး အပြီး ကတည်းက ပရီးမီးယားလိဂ် ဂိုးသွင်း စာရင်းမှာ ဦးဆောင်ထားတဲ့ ဆာလတ် ဟာ ဂိုးပေါက် လုံး၀ မတွေ့တော့တာ 4 ပွဲ ဆက်တိုက် ရှိလာခဲ့ ပါပြီ။

ဒီတစ်ခါမှာတော့ နော်ေ၀ က ရုပ်သံ ဌာန တစ်ခု ဖြစ်တဲ့ TV2 နဲ့ အင်တာဗျူးရင်း စာချုပ်သစ် ကိစ္စ အကြောင်းကို အခုလို ပြောဆိုလာခဲ့ ပြန်ပါတယ်။

“ အမှန်တိုင်း ပြောရရင်တော့ အန်ဖီးလ်မှာ ဘယ်လောက် အထိ ဆက်ရှိသွားမလဲ ဆိုတာ ကျနော်လဲ မသိပါဘူး။ ကျနော် ကတော့ တတ်နိုင်သမျှ အချိန်အကြာကြီး နေသွားချင်ပါတယ် ဒါပေမယ့် အဲဒီ ကိစ္စက ကျနော့် အပေါ်မှာ မူမတည်ပါဘူး ၊ ကလပ် အသင်းနဲ့ ပဲ သက်ဆိုင်တာပါ။

ကျနော့် ဘက်ကတော့ နောက်ဆုံး အချိန်ထိ 100% ပေးဆပ်ပြီး ကစားပေးသွားမှာပါ။ ပြီးရင် ဆုဖလားတွေ အများကြီးလဲ ရသလောက် ယူပြသွားချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ အသင်းရဲ့ အခြား အဓိက ကစားသမား တစ်ယောက် ဖြစ်တဲ့ ဝိုင်နယ်ဒမ် ကို စာချုပ်သစ်ကိစ္စ ဆွေးနွေးရာမှာလဲ အောင်မြင်ခဲ့ခြင်း မရှိသေးပါဘူး။ အထူးသဖြင့် ပွဲထွက် ကစားသမား အများစုဟာ အသက် 30 ဝန်းကျင် တွေ တစ်ပြိုင်နက် ဖြစ်လာတဲ့ အချက်ကို ၊ ကလပ် အသင်းဘက်က သတိကြီးကြီး နဲ့ ကိုင်တွယ်ဖို့ ပြင်ဆင်ထားပုံ ရပါတယ်။

ဒါ့အပြင် တိုက်စစ်က ဂိုးမိုခေါင်နေတဲ့ ပြသနာ ကိုလဲ အလေးအနက်ထား စဉ်းစားနေပုံ ရပါတယ်။

လက်ရှိ အချိန်ထိတော့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် မည်သည့် ကစားသမား ကိုမှ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုတာမျိုးတွေ မရှိသေးပါဘူး။ အကယ်၍ ဗိုင်းရပ် ကပ်ဆိုးကြီး ကနေ လွှတ်မြောက်လာခဲ့ရင်တော့ ဗန်ဒိုက် ၊ ဖာဘင်ဟို ၊ အလီဆွန် တို့ဟာ စာချုပ်သစ် အတွက် ဦးစားပေး စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

မိုဆာလတ် ဘက်ကသာ စာချုပ်သစ် ကိစ္စကို တစ်သသ ညွှန်းဆိုနေသော်လဲ ၊ FSG ကတော့ အဲဒီ ကိစ္စအပေါ် အလျှင်အလို လုပ်ဆောင်လာတာမျိုးတွေ မကြားမိသေးပါဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular