spot_img

စပိန်လာလီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ – ဆယ်လ်တာဗီဂို (တနင်္ဂနွေညနေ ၄း၃၀ နာရီ)
ဆယ်လ်တာဗီဂို အဝေးကွင်းကစားအား တက်လာသလို တွေ့လာရချိန်မှာ အိုဆာဆူနာကတော့ ရာသီအစ အိမ်ကွင်းအ ဖွင့်မလှခဲ့ဘူး။ အထူးသဖြင့် ခံစစ်ပိုင်းလျော့ပြီး တိုက်စစ်ကလည်း ဂိုးရဖို့ ရုန်းကန်နေရတယ်။ အဝေးကွင်းဆိုပေမယ့် ဆယ်လ်တာ ဗီဂိုနဲ့ ဂိုးအနည်းကို ပိုကြိုက်နေမိတယ်။

အလာဗတ်စ် – ဘီလ်ဘာအို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
အလာဗတ်စ်ရဲ့ တိုးတက်မှုနှုန်းက နှေးနေသေးတယ်။ အိမ်ကွင်းခံစစ်ပိုင်း မဆိုးလှပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုး တစ်ဂိုးရဖို့ အတော်လေးကို ခက်ခက်ခဲခဲကစားနေရတုန်းပဲ။ ဘီလ်ဘာအိုကလည်း အဝေးကွင်းကစားအားနဲ့ ဂိုးသွင်းအား ပုံမှန်မရှိပါဘူး။ ဂိုးအနည်းသရေပွဲလို့ပဲ ထင်တယ်။

myan789

လီဗန်တေး – ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ရဲ့ ရာသီအစ (၃)ပွဲမြောက် အဝေး ကွင်းပွဲပါ။ ဒီပွဲမှာရင်ဆိုင်ရမယ့် လီဗန်တေးကလည်း ရီးယဲလ် နဲ့တွေ့တိုင်း အခက်တွေ့အောင် လုပ်ပြနိုင်တဲ့အသင်းဖြစ်လို့ ရီးယဲလ်အတွက် အဝေးကွင်းနောက်ထပ်ပွဲကျပ်တစ်ပွဲလို့ ပြော လို့ရနေတယ်။ ဆိုစီဒက်နဲ့ အဝေးကွင်းပွဲကို သရေသာကစား နိုင်ခဲ့တာ၊ ဘက်တစ်နဲ့ပွဲကို နောက်ကျမိနစ် အငြင်းပွားဖွယ် ပယ်နယ်တီသွင်းဂိုးကြောင့်သာ အနိုင်ရခဲ့တာတွေကိုကြည့်ရင် ရီးယဲလ်ရဲ့ ရာသီအစ အဝေးကွင်းခြေစွမ်းပိုင်းက မငြိမ်လှသေး ဘူး။ ခံစစ်သတိထားရင် တိုက်စစ်ပျောက်ပြီး၊ တိုက်စစ်က ဂိုးရ ဖို့အားထုတ်တာနဲ့ ခံစစ်လျော့သွားတာမျိုး တွေ့နေရသေးလို့ အခုပွဲလည်း ရီးယဲလ် ဘယ်လိုပုံစံနဲ့ ချဉ်းကပ်လာမလဲဆိုတာ စောင့်ကြည့်ရမယ်ထင်တယ်။ လီဗန်တေးကတော့ ရာသီအစ ခြေစွမ်းပိုင်း မဆိုးလှဘူး။ ခံစစ်ပိုင်း သိပ်မငြိမ်ပေမယ့် ဂိုးရ အောင် ကစားနိုင်မှုမှာ အရင်ရာသီတွေထက် ပိုးတိုးတက်လာ သလိုပါပဲ။ ဒီပွဲက ရီးယဲလ်နိုင်ရင်တောင် ပြတ်သားဖို့ ခက်နိုင် ပြီး လီဗန်တေးနဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။

ကာဒစ်ဇ် – ဂရန်နာဒါ (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ယူရိုပါလိဂ်ခြေစစ်ပွဲဘက် အာရုံများနေတဲ့ ဂရန်နာဒါရဲ့ လာလီဂါခြေစွမ်းက လျော့သွားသလို တွေ့နေရတယ်။ ကာဒစ်ဇ် ကလည်း အိမ်ကွင်းကစားပုံ အားရစရာမရှိလှဘူး။ အိမ်ကွင်း(၂) ပွဲစလုံးရှုံးထားတဲ့ ကာဒစ်ဇ်ရဲ့ပုံစံက လာလီဂါတန်းမဝင်သေးဘူးလို့ ပြောရမလိုဖြစ်နေတယ်။ ဒါကြောင့် လာလီဂါဘက်ကို ပြန်အာရုံ စိုက်လာနိုင်တဲ့ ဂရန်နာဒါနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

ဘာစီလိုနာ – ဆီဗီလာ (တနင်္လာနံနက် ၁း၃၀ နာရီ)
ဘာစီလိုနာက အရာသီအစပိုင်းမှာပဲ အသင်းကောင်းတွေ နဲ့ ဆက်တိုက်ကစားနေရတယ်။ အခု အိမ်ကွင်းဒုတိယမြောက် ပွဲကလည်း ဆီဗီလာနဲ့ဆိုတော့ ဘာစီလိုနာအတွက် ပွဲကျပ်တစ်ပွဲ လို့ ပြောလို့ရနေတယ်။ ဆီဗီလာဟာ ဘာစီလိုနာထက်စာရင် နည်းပြ လိုပယ်တယ်ဟီလက်ထဲမှာ အသားပိုကျနေတဲ့အသင်း ဖြစ်ပြီး ခြေစွမ်းအားဖြင့်လည်း တည်ငြိမ်တယ်။ ပြီးခဲ့တဲ့ရာသီအ သင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဘာနီဂါ၊ ရယ်ဂီလွန်တို့ မရှိတော့ပေမယ့် သူတို့နေရာကို ရာကီတစ်၊ အကူညာတို့က အစားဝင်ပြီး အသင်းခြေစွမ်းပိုင်းကို ပုံမပျက်အောင် ထိန်းထား ပေးနိုင်တယ်။ ဘာစီလိုနာကတော့ နည်းပြသစ် ကိုးမန်းရဲ့ (၄-၂-၃-၁)ပုံစံ ကစားကွက်နဲ့ အသားကျအောင် ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ပွဲဦးအိမ်ကွင်းမှာ ဗီလာ ရီးယဲလ်ကို ဂိုးပြတ်နိုင်လိုက်ပေမယ့် ကစားပုံက ကျေနပ်စရာ မဟုတ်သေးဘူး။ အခုတွေ့မယ့် ဆီဗီလာက ဗီလာရီးယဲလ်ထက် ပိုတည်ငြိမ်တဲ့အသင်းလည်းဖြစ်နေတယ်။ နူးကမ့်မှာ ကစားရ မှာဆိုပေမယ့် ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ကြိုက်နေမိတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular