စပိန်လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ – လီဗန်တေး (တနင်္ဂနွေညနေ ၄း၃၀ နာရီ)
နှစ်သင်းစလုံး ဒဏ်ရာပြဿနာတွေ ကိုယ်စီရှိနေကြတယ်။ ဒါပေမဲ့ အိုဆာဆူနာက အိမ်ကွင်းဆို ပိုကောင်းအောင် ကစားပြ နိုင်လေ့ရှိပြီး လီဗန်တေးရဲ့ အဝေးကွင်းခြေစွမ်းက အတက်အ ကျများလွန်းတယ်။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကောင်းမယ်။

အီဘာ – ဘီလ်ဘာအို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
ရာသီအစ ဘီလ်ဘာအိုရဲ့ခြေစွမ်းက အဝေးကွင်းမှာ အား ရစရာမဖြစ်သေးဘူး။ အဝေးကွင်းဂရန်နာဒါနဲ့ ပွဲဦးထွက်ရော ဆီ ဗီလာနဲ့ ခြေစမ်းပွဲကိုပါ ရှုံးထားတာတွေ့ရတယ်။ အီဘာကတော့ ဘီလ်ဘာအိုထက်စာရင် ပွဲရှိန်ပိုရလာသလို၊ ကစားပုံလည်း ပိုမာ ကျောပါတယ်။ ဒါပေမဲ့ ဘီလ်ဘာအို အမှတ်ရဖို့တော့ ပြင်ဆင် လာမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားကြည့်ချင်တယ်။

myan789

အက်သလက်တီကို – ဂရန်နာဒါ (တနင်္ဂနွေည ၈း၃၀ နာရီ)
ဂရန်နာဒါကတော့ စောစောစီးစီး ခြေစွာပြနေတယ်။ အ သင်းလိုက်ကစားပုံ၊ ကစားအား ပြောစရာသိပ်မရှိလှဘူး။ ဒါပေမဲ့ နိုင်ပွဲ (၂)ပွဲစလုံး အိမ်ကွင်းမှာရထားတာဆိုတာကိုတော့ သတိ ထားရမယ်။ ဂရန်နာဒါဟာ အိမ်ကွင်းမှာ ပိုစုစည်းမှုရတတ်ပေ မယ့် အဝေးကွင်းပွဲတွေမှာတော့ ပုံမှန်ခြေစွမ်းပြနိုင်တဲ့အသင်းမျိုး မဟုတ်သေးဘူး။ ဒီအချက်က အက်သလက်တီကိုလို အ သင်းကြီးတစ်သင်းကို ရင်ဆိုင်ရာမှာ ဂရန်နာဒါဘက်က အား နည်းချက်တစ်ခုလို ဖြစ်နေနိုင်တယ်။ အက်သလက်တီကိုက လည်း ပြင်ဆင်ဆဲအဆင့်မှာပဲရှိသေးပြီး အခုမှကစားရမယ့်ပွဲဆို တော့ ခြေစွမ်းမှန်းရမလွယ်သေးဘူး။ ကြားမှာ ခြေစမ်းပွဲတွေ ကစားထားရတာမျိုးလည်းမရှိလို့ အခုပွဲက ရာသီသစ်အတွက် ပထမဆုံးစမ်းသပ်ပွဲလိုဖြစ်နေတယ်။ ဒါပေမဲ့ ကစားသမားအင် အား၊ အတွေ့အကြုံချင်းကွာသလို၊ အိမ်ရှင်အခွင့်အရေးပါရှိနေလို့ အက်သလက်တီကို အတိမ်းအစောင်းနည်းအောင် ကစားပြပါ လိမ့်မယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားမယ်။

ကာဒစ်ဇ် – ဆီဗီလာ (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဆီဗီလာကတော့ ဒီပွဲမတိုင်မီ ဘိုင်ယန်မြူးနစ်နဲ့ ဥရောပ စူပါဖလားပွဲ နွှဲထားရသေးတယ်။ နောက်ပြီး နည်းပြလိုပယ်တယ် ဟီကလည်း အသင်းကို ကစားကွက်ပုံစံသစ် (၄-၂-၃-၁)ကို စမ်းသပ်ကြည့်နေသေးလို့ ဆီဗီလာရဲ့ခြေစွမ်းအမှန်က မှန်းရ ခက်နေသေးတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမတိုင်ခင်မှာ ပြိုင် ပွဲစုံ (၂၃)ပွဲဆက်တိုက် (ခြေစမ်းပွဲအပါအဝင်) ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ခြေစွမ်း၊ လူအင်အားတွေအရတော့ ကာဒစ်ဇ် ကို အသာစီးယူထားနိုင်မှာ သေချာတယ်။ ဒီပွဲကလည်း ဆီဗီလာ အတွက်ဖြစ်ဖို့များတယ်။ ဆီဗီလာနဲ့ ဂိုးအနည်းပါပဲ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular