spot_img

စပိန်လာလီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ – ဂီတာဖေး (တနင်္ဂနွေည ၉း၃၀ နာရီ)
ဘာစီလိုနာရဲ့ အသင်းလိုက်ကစားပုံနဲ့ ကစားအားက ပြ ဿနာမရှိလှပေမဲ့ အဆုံးသတ်ဂိုးသွင်းယူနိုင်မှုမှာတော့ မက်ဆီ ကို တမ်းတနေရတုန်းပါပဲ။ ဒါပေမဲ့ အခုပွဲကတော့ အိမ်ရှင်အဖြစ် ကစားရမှာဖြစ်ပြီး ပြိုင်ဘက်ကလည်း နိုင်ပွဲမရသေးတဲ့၊ နည်းပြ သစ်နဲ့ အသားသိပ်မကျသေးတဲ့ ဂီတာဖေးလိုအသင်းဖြစ်နေလို့ ဘာစီလိုနာ ဖိအားပေးကစားပြနိုင်ဦးမှာ သေချာတယ်။ ဘာစီ လိုနာတိုက်စစ်မှူးတွေ အိမ်ကွင်းအဖွင့်ပွဲတုန်းက ဂိုးတွေ သွင်းပြ နိုင်သလိုမျိုး ဒီပွဲမှာ ထပ်ပြီးလုပ်နိုင်၊ မလုပ်နိုင်ကိုပဲ စောင့်ကြည့် ရမယ်ထင်တယ်။ ဘာစီလိုနာ အနိုင်ကစားလိမ့်မယ်။

ကာဒစ်ဇ် – အိုဆာဆူနာ (တနင်္လာနံနက် ၀၀း၀၀ နာရီ)
(၂)သင်းစလုံး အဖွင့်ပွဲတွေကို သတိကြီးကြီးနဲ့ ကစားနေ ကြပုံတွေအရတော့ အခုပွဲမှာလည်း ထိန်းကစားနိုင်ဖို့ပဲ ဦးစား ပေးဖို့ များနေတယ်။ အိုဆာဆူနာ အဝေးကွင်းစိတ်မချရလို့ အိမ် ကွင်းကစားပုံမာကျောတဲ့ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

myan789

ဗယ်လက်ကာနို – ဂရန်နာဒါ (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ဗယ်လက်ကာနိုဆီက မျှော်လင့်စရာ သိပ်မရှိလှသေးပါ ဘူး။ အိမ်ရှင်ဆိုတဲ့အားပဲရှိပြီး ဂရန်နာဒါကို စိတ်ဓါတ်နဲ့ပဲ ရင်ဆိုင် သွားမှာ သေချာနေတယ်။ အဝေးကွင်းကစားတတ်တဲ့ ဂရန်နာဒါ နဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

အက်သလက်တီကို – ဗီလာရီးယဲလ် (တနင်္လာနံနက် ၂း၃၀ နာရီ)
(၂)ပွဲဆက်အနိုင်နဲ့ အက်သလက်တီကို အဆင့်(၂)နေ ရာကို ယူထားနိုင်တယ်။ ဆွာရက်ဇ် မကစားနိုင်သေးချိန်မှာ ကော်ရီယာကို ဆွာရက်ဇ်ရဲ့ အထောင်တိုက်စစ်မှူးနေရာ ထား ကစားပြီး အက်သလက်တီကိုတိုက်စစ် အလုပ်ဖြစ်နေသလို တွေ့ရတယ်။ ကော်ရီယာကလည်း အက်သလက်တီကိုရဲ့ လာလီဂါအဖွင့်ပွဲ (၂)ပွဲစလုံးမှာ ရထားတဲ့ (၃)ဂိုးစလုံးကို တစ် ဦးတည်း သွင်းပြထားတယ်။ ဗီလာရီးယဲလ်ကလည်း အဖွင့်ပွဲ (၂)ပွဲစလုံး သရေကစားထားပြီး ဂိုးလည်း မသွင်းနိုင်သေးသလို၊ ဂိုးလည်း မပေးရသေးဘူး။ ဒါကြောင့် ဗီလာရီးယဲလ်ရဲ့ပုံစံက ရာသီအစကို ရှုံးပွဲမရှိအောင် ထိန်းကစားတာမျိုးကို ဦးစားပေး နေပုံပါပဲ။ ဒါကြောင့် အခုပွဲမှာလည်း အဝေးကွင်းမှာ အက်သ လက်တီကိုလိုအသင်းကို ထိန်းကစားနိုင်ဖို့ပဲ ဦးစားပေးကစား ဦးမှာ သေချာတယ်။ (၂)ပွဲဆက် ဂိုးမသွင်းနိုင်သေးတဲ့ ဗီလာ ရီးယဲလ်တိုက်စစ်ကလည်း အက်သလက်တီကိုရဲ့ခံစစ်ကို ဖိ အားပေးနိုင်ဦးမယ်မထင်ဘူး။ လက်ရှိခြေစွမ်းအရတော့ ဂိုးအ နည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular