spot_img

စပိန်ဘုရင့်ဖလား၊ ကိုပါအီတာလီယာ၊ ဂျာမန်ဖလားနှင့် ပြင်သစ်ဖလားပွဲစဉ်များပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ် (ဒု-ကျော့)

ဘာစီလိုနာ – ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက သူ့ရဲ့ El Clasico ပွဲဦးထွက်ဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီ စပိန်စူပါဖလားပြိုင်ပွဲမှာ အရေးနိမ့် ပြီးတဲ့နောက် နောက်ပိုင်းတွေ့ဆုံမှုတွေမှာ (၅)ပွဲနိုင်ပြီး (၁)ပွဲသာ အရေးနိမ့်ခဲ့တဲ့အထိ စွမ်းဆောင်ရည်ကောင်းခဲ့တယ်။ ယူရိုပါ လိဂ်က ထွက်လိုက်ရချိန်မှာ အသင်းက အနည်းငယ်ယိုင်သွားသလိုရှိပေမဲ့ ဒီအခြေအနေကို ဇာဗီက အချိန်မီပြုပြင်နိုင်ပြီး ရီးယဲလ်မက်ဒရစ်ကို နှစ်ပွဲဆက်တိုက် အနိုင်ယူမှုအပါအဝင် လမ်းကြောင်းမှန်ပေါ် ဆွဲတင်နိုင်ခဲ့တယ်။ ဗင်နီစီယပ်စ်၊ ဘန်ဇီမာ တို့လို ကစားသမားတွေကြောင့် ရီးယဲလ်အနေနဲ့ ပထမအကျော့အဖြေကို ပြောင်းလဲနိုင်စွမ်းရှိတာ သေချာပေမဲ့ ဒီရာသီ Clean Sheet စံချိန်တွေတင်နေတဲ့ ဘာစီလိုနာခံစစ်ကို ကျော်ဖြတ်ဂိုးသွင်းနိုင်ဖို့က စိန်ခေါ်မှုကြီးမားနေတယ်။ ဘာစီလိုနာအသင်းမှာ လီဝန်ဒေါစကီး ဂိုးပေါက်ပြန်တွေ့ထားပြီး တောင်ပံတိုက်စစ်တွေမှာ ဘယ်သူသုံးသုံး အလုပ်ဖြစ်နိုင်တယ်။ ဖောင်ဖျက်ကစားရ မယ့် ရီးယဲလ်ဘက်ကပဲ ရပ်တည်ချင်တယ်။

myan789

ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်(ပ-ကျော့)

ခရီမိုနီဆီ – ဖီအိုရင်တီးနား (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဖီအိုရင်တီးနားအသင်းရဲ့လက်ရှိ  Form က စီးရီးအေ ထိပ်သီးအသင်းတွေကိုတောင် ကျော်လွန်ပြီး အကောင်းဆုံး ဖြစ်နေတယ်။ လက်ရှိမှာ ပြိုင်ပွဲ(၃)ခုကို တိုက်ပွဲဝင်ရတယ် ဆို ပေမဲ့ ဖိအားသိပ်မရှိတဲ့ အနေအထားဖြစ်နေတာကို ထည့်တွက် ရမယ်။ အခုတွေ့ဆုံရမယ့် ခရီမိုနီဆီအသင်းကိုလည်း စီးရီးအေ နှစ်ကျော့စလုံး ရင်ဆိုင်ကစားထားခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ယူခဲ့ တယ်။ နာပိုလီ၊ ရိုးမားအသင်းတွေကို ကျော်ဖြတ်ခဲ့တဲ့ ခရီမိုနီဆီ အသင်းရဲ့အားထုတ်မှုကိုတော့ အသိအမှတ်ပြုရမယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားအနေနဲ့ ပွဲဆက်များနေလို့ ပထမအကျော့က တည်းက အနိုင်နဲ့ ဖြတ်ထားမယ်ထင်တယ်။

ဂျာမန်ဖလား (ကွာတားဖိုင်နယ်)

လိုက်ပ်ဇစ် – ဒေါ့မွန် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဒီရာသီကစားတဲ့ ဘွန်ဒစ်လီဂါနှစ်ကျော့မှာတော့ သူ့ ကွင်းကိုယ့်ကွင်း အပြန်အလှန်အနိုင်ယူထားတယ်။ ဒါပေမဲ့ လက်ရှိစွမ်းဆောင်ရည်ပိုင်းမှာတော့ ဒီနှစ်သင်းအကြား ခြားနား မှုတွေ ရှိနေတယ်။ ဒေါ့မွန်အသင်းက ၂၀၂၃ နှစ်သစ်မှာ ခြေစွမ်း တမဟုတ်ချင်း ပြောင်းလဲသွားတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံ (၁၄)ပွဲမှာ ရှုံးပွဲ(၂)ပွဲသာရှိခဲ့ကာ ချယ်လ်ဆီး၊ ဘိုင်ယန်အသင်းတွေ ကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ လိုက်ပ်ဇစ်ကတော့ လတ်တ လောမှာ ရလဒ်တွေကျဆင်းနေပြီး (၃)ပွဲဆက် ဂိုးပေါက်ပျောက် နေတဲ့ တိုက်စစ်အားကောင်းတဲ့ အသင်းတစ်သင်းအနေနဲ့ မယုံ နိုင်စရာပါပဲ။ ဒေါ့မွန်ဘက်ကပဲ ရပ်တည်သင့်တယ်။

ပြင်သစ်ဖလား ဆီမီးဖိုင်နယ်

နန့်စ် – လိုင်ယွန် (ကြာသပတေးနံနက် ၁း၄၀ နာရီ)

အခုရာသီ အမှတ်ပေးပွဲ နှစ်ကျော့စလုံး သရေရလဒ်သာ ထွက်ပေါ်ခဲ့တယ်။ လိုင်ယွန်အဖို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ဖို့ နီးစပ်လာခဲ့တာပါ။ ဒါ ပေမဲ့ နန့်စ်ကိုပဲ ရွေးချယ်တာပိုကောင်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular