အေစီမီလန်အသင်းသည် အော်ရီယေးအတွက် ပထမဦးဆုံးကမ်းလှမ်းမှုအဖြစ် ယူရို(၁၅)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ စပါးအသင်းက ပယ်ချခဲ့ပြီး အနည်းဆုံးယူရိုသန်း(၂၀) အလိုရှိနေကြောင်းသိရသည်။
အေစီမီလန်အသင်းသည် စပါးနောက်ခံလူ အော်ရီယေးအား ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းနေသည်ဟု Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
အေစီမီလန်အသင်းသည် အော်ရီယေးအတွက် ပထမဦးဆုံးကမ်းလှမ်းမှုအဖြစ် ယူရို(၁၅)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ စပါးအသင်းက ပယ်ချခဲ့ပြီး အနည်းဆုံးယူရိုသန်း(၂၀) အလိုရှိနေကြောင်းသိရသည်။
Sky Sports ၏ ဖော်ပြချက်အရ လေဗာကူဆင်အသင်းသည်လည်း အော်ရီယေးအား ခေါ်ယူရန် ကြိုးပမ်းလာကြောင်းသိရသည်။ သို့ဖြစ်ရာ အေစီမီလန်အသင်းသည် စပါးအသင်းနှင့် ဆွေးနွေးမှုများကို အရှိန်မြှင့်လိုက်ကြောင်း သိရသည်။
အော်ရီယေးသည် စပါးအသင်းထံ ၂၀၁၇ ခုနှစ်က ပေါင်(၂၃)သန်း ဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၄၂)ပွဲကစားပေးထားသည်။