စပါးတိုက်စစ်မှူး ဟာရီကိန်းက အသင်း နည်းပြသစ်ဖြစ်လာသူ နူနိုဆန်တိုသည် ထူး ချွန်သည့်နည်းပြတစ်ဦးဖြစ်ပြီး ယခုချိန်အထိ ဆက်သွယ်ပြောဆိုဖူးခြင်းမရှိသေးဟု ပြောကြားခဲ့သည်။
ဟာရီကိန်း၏အနာဂတ်နှင့် ပတ်သက်သည့်သတင်းများ အဆက်မပြတ်ထွက်ပေါ်နေပြီး စပါးအသင်းကမူ သူ့အား အသင်းတွင် ဆက်လက်ထားရှိရန် ဆန္ဒပြင်းပြနေလျက်ရှိသည်။ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်သူ ဟာရီကိန်းက ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာလိုသည့် သူ၏ဆန္ဒကို အတိအလင်း ဖွင့်ဟထားပြီး စပါး၏ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းကလည်း အဂွဲရိုး၏ နေရာတွင်အစားထိုးရန် အစောပိုင်းကတည်းက ကြိုးပမ်းနေခြင်းဖြစ်သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲတွင် သုံးဂိုးသွင်းယူထားပြီး အသင်းကို ဆီမီးဖိုင်နယ်ရောက်ရှိစေရန် ကူညီပေးထားသူ ဟာရီကိန်းက လက်ရှိတွင် နိုင်ငံလက်ရွေး စင်အသင်းတစ်ခုတည်းအပေါ်၌သာ စိတ်နှစ် ထားပြီး ပြိုင်ပွဲပြီးမှသာ နည်းပြသစ် နူနိုဆန်တို နှင့် ဆက်သွယ်သွားမည်ဟု ဖွင့်ဟခဲ့သည်။

“နည်းပြသစ်တစ်ဦးရောက်လာတိုင်း ကလပ် အသင်းနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်မှာ စိတ်လှုပ်ရှားစရာတွေ ရှိလာတတ်ပါတယ်။ သိသာလွယ်တာကတော့ အဲဒီမှာ ကျွန်တော် ရှိမနေ ပါဘူး။ သူ(နူနိုဆန်တို)နဲ့လည်း ဘာဆက်သွယ်မှုမှ မရှိပါဘူး။ အခုချိန်မှာ ကျွန်တော်က အင်္ဂလန်အသင်းနဲ့အတူရှိနေပြီး ဒီမှာပဲ လုံးဝ အာရုံစိုက်ထားပါတယ်။ သူက ထူးချွန်တဲ့ နည်းပြတစ်ဦးပါ။ ဝုလ်ဗ်အသင်းမှာ သူ့ရဲ့ကြီး ကျယ်ခမ်းနားတဲ့လုပ်ဆောင်မှုတွေ ရှိခဲ့ပါ တယ်။ သူတို့ကစားပုံကလည်း အရမ်းကောင်း ခဲ့ပါတယ်။ စောစောကပြောတဲ့စကား ပြန် ဆက်ရရင် ယူရိုပြိုင်ပွဲပြီးဆုံးသွားရင် သူနဲ့ ကျွန်တော့်အကြား ဆက်ဆံမှုတွေရှိလာမှာ အသေအချာပါပဲ”ဟု ဟာရီကိန်းက Talk SPORT သို့ ပြောကြားခဲ့သည်။
ဟာရီကိန်း သည် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၃၆ ပွဲ ကစားထားကာ ၂၂၁ ဂိုးသွင်းယူခဲ့ပြီး လက်ရှိ စာချုပ်မှာ ၂၀၂၄ ခုနှစ်အထိ သက်တမ်းကျန် ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ရာသီအပါအဝင် ပရီးမီးယားလိဂ် ရွှေ ဖိနပ်ဆု သုံးကြိမ်ရရှိထားသူ ဟာရီကိန်းကို မန်စီးတီး၊ ချယ်လ်ဆီးနှင့် PSG အသင်းတို့က စိတ်ဝင်စားနေပြီး မန်စီးတီးအသင်းက အဂွဲရိုး ၏နေရာအစားထိုးရန်အတွက် ပေါင်သန်း ၁၀၀ ကျော်အထိ ပေးချေရန် အဆင်သင့်ရှိနေ ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ နူနိုဆန်တိုကလည်း ဟာရီကိန်းကို ရောင်းချလိုခြင်းမရှိဟု ပြောကြားထားသည်။