spot_img

ဂွါဒီယိုလာကို ၂၀၂၃ ခုနှစ်အထိ မန်စီးတီးအသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး မက်ဆီကို ခေါ်ယူရန်လည်း ကြိုးပမ်းဖွယ်ရှိ

မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂွါဒီယိုလာ(၄၉ နှစ်)သည် ယခုရာသီအကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက် တမ်းတိုးရန်အတွက် အစောပိုင်းကတည်းက ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။

myan789

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ် ရယူပေးနိုင်ခဲ့သည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်း၏ အဓိကပစ်မှတ်ဖြစ်သည့် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခြင်းမရှိသေးသော်လည်း အသင်းတာဝန်ရှိသူများက ရေရှည်ဆက်လက် လက်တွဲရန်ဆန္ဒရှိခဲ့ကြသည်။

သို့သော် ဂွါဒီယိုလာသည် လက် ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ရန် (သို့မဟုတ်) အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ကိုင်တွယ်ရန် လိုလားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ ကြန့်ကြာနေခဲ့ခြင်းဖြစ်ပြီး ယခုမှ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းဥက္ကဋ္ဌ မူဘာရက်က “ကျွန်တော်တို့ရဲ့ အနာဂတ်စီမံကိန်းတွေမှာ ဂွါဒီယိုလာ ဆက်ရှိနေမှာကို ကျေနပ်မိပါတယ်။ သူ့ကို သက်တမ်းတိုးနိုင်တာ ကျွန်တော်တို့အသင်းအနေနဲ့ အဆင့်တစ်ဆင့် ထပ်တက်လှမ်း နိုင်တာပါပဲ။ မန်စီးတီးအသင်းပရိသတ်တွေအားလုံးလည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထား တာတွေအတွက် ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမှာပါ”ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာကလည်း “ကျွန်တော် မန်စီးတီးအသင်းကို စရောက်ကတည်းက အားလုံးရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ဒါဟာ နည်းပြတိုင်း လိုလားတဲ့အရာဖြစ်သလို၊ အသင်းတာဝန်ရှိသူတွေရဲ့ ယုံကြည်မှုကြောင့်လည်း အခုလို သက်တမ်းတိုးဖြစ်ခဲ့တာပါ။ ပိုတိုးတက်အောင် ကြိုးစားရမဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားမိပါတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဘာစီလိုနာနှင့် လမ်းခွဲရန် ပြင်ဆင်နေသည့် မက်ဆီကို ခေါ်ယူရန်လည်း ကြိုးပမ်းဖွယ်ရှိနေပြီး ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့ခြင်းကြောင့် ယင်းအချက်မှာ ဖြစ်နိုင်ခြေပိုများလာကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular