‘ ဂြိုဟ်သား တစ်ဦးနဲ့ တူညီတဲ့ အဝတ်လဲခန်းထဲ ရှိနေရလိမ့်မယ် ဆိုတာ တုနှိုင်းမရတဲ့ အရာပါပဲ ‘ လို့ ဆိုလိုက်တဲ့ ယာနစ်ရဲ့ အင်တာဗျူး

အင်္ဂါနေ့မှာ ဘာစီလိုနာ အသင်းရဲ့ ဂျာစီကို ကိုင်ဆောင်ရင်းနဲ့ တရားဝင် ကစားသမား ဖြစ်လာ ခဲ့တဲ့နောက် မှာတော့ ဘော့စ်နီးယား လက်ရွေးစင် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ မီရာလန် ယာနစ်က အသင်းဖော်သစ် မက်ဆီကို ဂြိုဟ်သားလို့ တင်စားရင်း အတူ တွဲဖက် ကစားခွင့် ရရှိ တော့မယ့် အခွင့်အရေး အပေါ် ဝမ်းမြောက် စကား ဆိုသွားခဲ့လိုက် ပါတယ် ။

ပီယာနစ်ဟာ ဘာစီလိုနာ အသင်းဆီ ယူရို 65 သန်း ဝန်းကျင် ( ကစားသမား အလဲအထပ် ) နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး နံပါတ် 8 ဂျာစီကို ဝတ်ဆင် ကစားခွင့် ရရှိ သွားမှာပဲ ဖြစ်ပါတယ် ။ အခုတော့ ဘာစီလိုနာလို အသင်းမှာ ကစားခွင့် ရရှိနိုင်ခြင်း ဆိုတာက ကြီးမားတဲ့ ဂုဏ်ပြု ခံရမှု ဖြစ်ကြောင်း ယာနစ်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

” ဒီမှာ ကစားခွင့် ရရှိခြင်း ဆိုတာက ခမ်းနားတဲ့ ဂုဏ်ပြု ခံရခြင်း တစ်ခု ပါပဲ ။ ဒီမှာ ကစား ရဖို့ ဆိုတာက အိပ်မက် တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ ဒီမှာ ရှိနေရခြင်း ဆိုတာက သာမန်ထက် ထူးကဲလွန်းတဲ့ အရာ တစ်ခု ပါပဲ ။ ဒီကို ရောက်လာခဲ့ ရတဲ့ အတွက် ကျွန်တော် အရမ်းကို ဝမ်းမြောက် ပျော်ရွှင်မိ ပါတယ် ”

” ကျွန်တာ် ကမ္ဘာ့ အခမ်းနားဆုံး အသင်းမှာ ရှိနေရ ပါပြီ ။ ဒါဟာ ခမ်းနားတဲ့ ဂုဏ်ပြု ခံရမှု တစ်ခုပါ ။ ကျွန်တော် အဝတ်လဲခန်း ထဲကို ဝင်ရောက် လာခဲ့ကတည်းက အသင်းရဲ့ သမိုင်းကြောင်း တွေနဲ့ ဆုဖလားတွေကို တွေ့မြင် ခဲ့ရ ပါတယ် ။ ဒါဟာ ကျွန်တော့် အတွက် ခမ်းနားတဲ့ အခွင့်အလမ်းကောင်း ပါပဲ ”

” ဒီမှာက ခမ်းနားတဲ့ ကစားသမား ကောင်းတွေ အများကြီး ရှိနေကြ ပါတယ် ။ ကျွန်တော့်ရဲ့ အတွေ့အကြုံ ၊ ဘောလုံး စွမ်းဆောင်ရည် တွေနဲ့ အကူအညီ ပေးနိုင်ဖို့ မျှော်လင့် ပါတယ် ။ ဘာစီလိုနာ ဆိုတာက ကျွန်တော် နဲ့ ဘောလုံး အားကစား အတွက် ခမ်းနားလွန်းတဲ့ ကလပ် အသင်း တစ်ခု ပါပဲ ” လို့ ယာနစ် က ဖွင့်ဟရင်း မက်ဆီ နဲ့ အတူ ကစားရ တော့မယ့် အပေါ် …

” ကျွန်တော့် အတွက်ကတော့ ပြင်ပ ကနေ ကြည့်ရှု လိုက်မယ် ဆိုရင် သူ (မက်ဆီ) ကို ဒီ နေရာထက် အခြား နေရာ တစ်ခုမှာ ကစားတာ လုံးဝ မြင်ယောင်လို့ မရပါဘူး ။ ဘာစီလိုနာ ဆိုတာက သူ့ရဲ့ အိမ်ပါပဲ ။ သူ့ကို အခြား ဂျာစီ နဲ့ တွေ့မြင် ရခြင်း ဆိုတာက အရမ်းကို ထူးဆန်း နေပါ လိမ့်မယ် ။ သူဟာ ဘောလုံး သမိုင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ”

” သူဟာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ ။ ရှုံးပွဲ တစ်ပွဲ ကြုံတွေ့လိုက် ရတဲ့ အခါတိုင်းမှာ စိတ်မကျေနပ်မှု တွေက ရှိနေမှာ ပါပဲ ။ ဒါပေမယ့် ဘာစီလိုနာက သူ့ရဲ့ အိမ်ပါ ။ သူ့ဟာ ကျွန်တော် တို့နဲ့ အတူ ရှိနေတယ် ဆိုတာက ခမ်းနားလွန်း ပါတယ် ။ သူဟာ ကျွန်တော် တို့နဲ့ အတူ ရှိနေဖို့ ဆိုတာက အရေးကြီးလှ ပါတယ် ”

” ကျွန်တော်ဟာ သူ့အကြောင်း ကိုတော့ အတွင်းကျကျ မသိရှိသေး ပါဘူး ။ ဒါပေမယ့် ကျွန်တော်ဟာ ဖရန်စစ္စကို တော့တီ ၊ ခရစ္စတီယာနို ရော်နယ်ဒို တို့လို ကစားသမား တွေနဲ့ အတူ တွဲဖက် ကစားခဲ့ဖူး ပါတယ် ။ ဒီလို ခမ်းနားတဲ့ ကစားသမား တွေက ကျွန်တော့်ရဲ့ ဘေးမှာ ရှိနေတယ် ဆိုတာက ကျွန်တော့်အတွက် အရမ်းကို အရေးပါတဲ့ အရာ တစ်ခု ပါပဲ ”

” သူတို့ တွေဟာ တစ်ကယ့်ကို အရေးပါလွန်းတဲ့ ကစားသမား ကောင်းတွေ ဖြစ်ကြသလို နမူနာ ယူထိုက်သူတွေလည်း ဖြစ်ကြ ပါတယ် ။ ဂြိုဟ်သား တစ်ဦးနဲ့ အတူ အဝတ်လဲခန်း တစ်ခုထဲမှာ ရှိနေရမယ် ဆိုတာက တုနှိုင်း မရတဲ့ အရာ ဖြစ်နေပါ လိမ့်မယ် ။ ဒါပေမယ့် အရေး အကြီးဆုံး အရာက အစုအဖွဲ့ တစ်ခုလုံး ပါပဲ ” လို့ ယာနစ် က ထုတ်ဖော် ပြောကြားရင်း အသင်းနဲ့ ပတ်သက်လို့ …

” ဒီမှာ ကစား ရခြင်း ဆိုတာက စိန်ခေါ်မှု တွေကို ရင်ဆိုင်ရခြင်း ပါပဲ ။ ကျွန်တော့် အတွက် အရေး အကြီးဆုံးက ပရိသတ် တွေကို ပျော်ရွှင်စေရေး ပါပဲ ။ ဒါက ကလပ် အသင်းထက် ပိုပြီးတော့ အရေးကြီးတဲ့ အရာပါ ။ ဒီအတွက် ကျွန်တော်တို့ ကောင်းကောင်း ကစားကြဖို့ လိုအပ်ပြီး ဆုဖလား တွေကို ဆွတ်ခူး နိုင်ဖို့လည်း လိုအပ်လှ ပါတယ် ”

” ကျွန်တော်တို့ တွေရဲ့ ရည်မှန်းချက် တွေကို ရယူနိုင် ကြမှာပါ ။ လက်ရှိ အသင်းမှာက အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမား တွေ အများကြီး ရှိနေကြသလို အံ့ဖွယ် ကောင်းတဲ့ လူငယ်လေး တွေလည်း ရှိနေကြ ပါတယ် ” လို့ ယာနစ်က ဆုဖလားတွေ ဆွတ်ခူးဖို့ ရည်မှန်း ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular