spot_img

ဂျေဇူးရဲ့ ပုံစံတွေ တိုးတက် ပြောင်းလဲလာနေပြီလို့ မှတ်ချက်ပြုလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်လ် ဂျေဇူးဟာ လက်ရှိမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပုံစံမျိုးနဲ့ လုံးဝ ကွဲထွက်သွားခဲ့ပြီး ပိုကောင်းမွန်လာတဲ့ ကစားသမား ဖြစ်လာနေပြီလို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီထဲ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၂၇)ပွဲအထိ ကစားပေးနိုင်ခဲ့တာတောင် သွင်းဂိုး (၄)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ ဂျေဇူးရဲ့ စွမ်းဆောင်မှုတွေ သိသိသာသာ ကျဆင်းနေခဲ့ရပါတယ်။

myan789

ဂျေဇူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒူးဒဏ်ရာနဲ့ တံကောက်ကြော ဒဏ်ရာတွေကြောင့်လည်း အသင်းရဲ့ ပွဲစဉ်ပေါင်း (၁၆)ပွဲအထိကို လွဲချော်ခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာပါ ပုံမှန်ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့် အာတီတာက ဟာဗက်ဇ်ကိုပါ false 9 နေရာ ထားကစားခဲ့ရပါသေးတယ်။

ဒါပေမယ့် အခု ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ဂျေဇူးက သူရဲ့ ပုံစံကောင်းတချို့ကို ပြန်လည် ပြသနိုင်ခဲ့သလို ဂိုးတွေပါ သွင်းယူလာနိုင်တဲ့အပေါ် နည်းပြ အာတီတာက သဘောကျနေပြီး ချီးမွမ်း ပြောဆိုမှုတွေပါ လုပ်ဆောင်လာခဲ့ပါတယ်။ “ကျွန်တော် စစချင်းကတည်းက ပြောခဲ့တာပါ။ ရာသီအကုန်မှာ သူနဲ့ စကားပြောအပြီး အခု သူကစားနေတာ မြင်တွေ့ရချိန် ပထမဆုံး ခံစားမိတာက သူ တစ်ခုခု ပြောင်းလဲသွားတယ် ဆိုတာပါပဲ။”

Mikel Arteta noted that Gabriel Jesus style is changing

“ဒါကို ကျွန်တော် ခံစားသိမြင်နေမိတယ်။ သူရဲ့ ခွန်အားတွေက ပြောင်းလဲလာတယ်။ သူရဲ့ ကစားဟန်ပန်တွေ ပြောင်းလဲလာတယ်။ သူရဲ့ လှုပ်ရှားမှုတွေကလည်း ပြောင်းလဲလာတယ်။ သူ့ကြည်ရတာ ပိုပြီး လိုလား တောင့်တလာပုံပေါ်တယ်။ အခုကတော့ တသမတ်တည်း ရှိနိုင်မယ့် စွမ်းဆောင်မှုကို ရှာဖွေသွားရတော့မှာ ဖြစ်ပြီးတော့”

“ဘယ်လို ကစားကွက်မျိုးနဲ့မဆို ဘယ်လိုပြိုင်ဘက်မျိုးနဲ့မဆို ဘယ်နေ့ပဲ ကစားရ ကစားရ (၃)ရက် (၁)ပွဲပဲ ကစားရပါစေ မိနစ် (၉၀)အပြည့် ဒါမှမဟုတ် မိနစ် (၃၀) မိနစ် (၇၀)ပဲ ကစားရပါစေ ဘယ်လို အခြေအနေတွေမှာဖြစ်ဖြစ် လုပ်ဆောင်နိုင်ရပါမယ်။ အဲဒီလိုသာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒါက တကယ်ကို ကောင်းမွန်မှာပါ။” လို့ အာတီတာ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular