spot_img

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီရော်နယ်လ်ဒို ဆန္ဒရှိနေပြီး အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးနေကြောင်း သတင်းထွက်ပေါ်

ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း Football Italia က ဖော်ပြခဲ့သည်။

အသက် (၃၆ နှစ်)အရွယ်ရှိ စီရော်နယ်လ်ဒိုနှင့် ဂျူဗင်တပ်စ်အသင်း၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ် ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် စီရော်နယ်လ်ဒိုအနေဖြင့် အီတလီမြေကို စွန့်ခွာတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

myan789

စီရော်နယ်လ်ဒိုအား ခေါ်ယူရန်အတွက် PSG အသင်းနှင့် ၎င်း၏အသင်းဟောင်း မန်ယူအသင်းတို့က စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်တွင် အဆိုပါအသင်း (၂)သင်းစလုံးမှာ စီရော်နယ်လ်ဒိုအား ကမ်းလှမ်းခြင်းမရှိသေးကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၂၃ ခုနှစ်အထိကစားရန် ဆန္ဒရှိသော်လည်း တစ်နှစ်လျှင် ယူရို (၃၁)သန်းခန့် ပေးချေနေရသော ၎င်း၏ မြင့်မားသည့်လစာငွေကြောင့် ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများအနေဖြင့် ဆုံးဖြတ်ရခက်နေဖွယ်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

စီရော်နယ်လ်ဒိုအနေဖြင့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့်အတူ ယခုရက်သတ္တပတ်အတွင်း ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများနှင့် စာချုပ်သစ်ကိစ္စအတွက် ပြောဆိုမှုများ ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းများအပေါ် Sky Sports သတင်းဌာနက ငြင်းဆန်ခဲ့ကြောင်းလည်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular