spot_img

ဂျူဗင်တပ်စ်နှင့် အဆင့်အတန်းကွာဟနေဆဲဟု ကွန်တီ ဝန်ခံ

အင်တာမီလန်အသင်းနည်းပြ ကွန်တီက ၂၀၁၉-၂၀ ရာသီ စီးရီးအေပြီးဆုံးချိန်၌ သူတို့အသင်းသည် ချန်ပီယံ ဂျူဗင်တပ်စ်အသင်းထက် ရမှတ် (၁)မှတ်သာနည်းပါးခဲ့သော်လည်း အဆင့်အတန်းချင်းကွာခြားနေသေးကြောင်း ဝန်ခံခဲ့သည်။

ကွန်တီက ”ဂျူဗင်တပ်စ်နဲ့ ကျွန်တော်တို့အသင်းကြားမှာ ကွာခြားချက်ကြီးမားလွန်းပါတယ်။ ကျွန်တော်တို့အသင်း ထက်မြက်အောင်လုပ်ရပါဦးမယ်။ ဒီအတွက် စိတ်ဓာတ်ကျနေလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ စီးရီးအေမှာ တာဝန်ကျေခဲ့တယ်လို့ ထင်ပါတယ်။ ကိုပါအီတာလီယာမှာလည်း တိုးတက်မှုတွေရှိခဲ့ပြီး ဆီမီးဖိုင်နယ်ရောက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ယူရိုပါလိဂ်မှာ အောင်မြင်မှုရရှိအောင် ကြိုးပမ်းရပါတော့မယ်”ဟု ပြောကြားခဲ့သည်။

myan789

လက်ရှိရာသီတွင် အင်တာမီလန်အသင်းအတွက် တတ်နိုင်သမျှအကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော်လည်း အသင်းတာဝန်ရှိသူများဘက်မှ ထောက်ခံမှုမရသဖြင့် မိမိအတွက် အခက်အခဲဆုံးရာသီဖြစ်ကြောင်းလည်း ကွန် တီက ပြောကြားခဲ့သည်။

ကွန်တီက ”ကျွန်တော့်အတွက် ခက်ခဲတဲ့ရာသီပါပဲ။ ကစားသမားတွေကလည်း သူတို့ ကြိုးပမ်းမှု အသိအမှတ်အပြုမခံရဘူး။ ကျွန်တော်လည်း အသိအမှတ်အပြုမခံရဘူး။ အသင်းဘက်နေ ကျွန်တော်တို့ကို ကာကွယ်ပေး တာနည်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက တိုးတက်မှုတွေရှိခဲ့ပေမယ့် အသင်းဘက်က ထောက်ခံအားပေးမှု သိပ်မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

ယင်းသို့ဝေဖန်မှုကြောင့် ကွန်တီအနေဖြင့် အသင်းကို တစ်ရာသီသာကိုင်တွယ်ပြီးနောက် ရာထူးမှ နုတ်ထွက်ဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

အင်တာမီလန်အသင်းသည် ကွန်တီ အသင်းမှထွက်ခွာလျှင် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီနှင့်အစားထိုးရန်အသင့်ရှိနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular