လီဗာပူးအသင်းဟာ ဂျူဗင်တပ်စ်စတား ချီယေဆာကို ၄ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေတုန်းက လီဗာပူးအသင်းဟာ ချီယေဆာကို ချိတ်ဆက်ခဲ့တာဖြစ်ပြီး အဆုံးသတ်မှာ အသက် ၂၆ နှစ်သားနဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ လီဗာပူးအသင်းဟာ ချီယေဆာအတွက် ယူရို ၁၃ သန်းသာပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ချီယေဆာဟာ ဖီအိုကနေ ဂျူဗင်တပ်စ်အသင်းထံ ပေါင် ၄၂ သန်းနဲ့ပြောင်းရွှေ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၁ – ၂၂ ရာသီနောက်ပိုင်းမှာတော့ ဒဏ်ရာကြောင့် ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ အီတလီသားဟာ ဂျူဗင်တပ်စ်အတွက် ၁၃၁ ပွဲမှာ ၅၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက်တော့ ဗလန်စီယာစတား မာမာဒါရှီဗီလီပြီးနောက် ချီယေဆာက ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။