ဂိုးသွင်း နိုင်ခဲ့ပေမယ့် အနိုင် မရခဲ့တဲ့ ပထမဆုံး ပွဲစဉ် အပေါ် မှတ်ချက် ပေးလိုက်တဲ့ ယူနိုက်တက် ကစားသမားသစ် ဗန်ဒီ ဘိခ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ ဘောလုံး ရာသီသစ် ရဲ့ ပထမဆုံး ပရီးမီးယား ပွဲစဉ် အဖြစ် ခရစ္စတယ် ပဲလေ့စ် အသင်း ကို အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ဧည့်ခံ ကစားခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ဂိုးပြတ် ရှုံုးနိမ့် သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ဒီနွေမှာ ယူနိုက်တက် ဆီကို ပေါင်သန်း 40 နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ကွင်းလယ် ကစားသမားသစ် ဒွန်နီ ဗန်ဒီ ဘိခ်ဟာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ခွင့် ရရှိခဲ့ပြီး အသင်း ရဲ့ တစ်လုံးတည်းသော သွင်းဂိုး ကို သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

myan789

ကစားသမား တစ်ဦး အတွက်တော့ အသင်းသစ် အတွက် အဖွင့်ပွဲ မှာ ဂိုး သွင်းယူ နိုင်ခဲ့ခြင်း က ကောင်းမွန်တဲ့ မှတ်တမ်း တစ်ခု ဖြစ်ပေမယ့် ဗန်ဒီ ဘိခ် ကတော့ အသင်းလိုက် ကစား ရတဲ့ အားကစား မှာ နိုင်ပွဲ မရရှိ ခဲ့တဲ့ အတွက် စိတ်ပျက် ရကြောင်း ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ကစားသမားတွေ အနေ နဲ့ တိုးတက် ကောင်းမွန်ဖို့ လိုအပ်ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။ ဗန်ဒီ ဘိခ် ကတော့ အသင်း အတွက် ပထမဆုံး ပွဲစဉ် ကစားပေး ရတဲ့ ကစားသမား တိုင်းဟာ နိုင်ပွဲ ကိုသာ အလိုရှိ ကြကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

” ဒါဟာ အသင်း အတွက် ကျွန်တော့် ရဲ့ ပထမဆုံး ပွဲစဉ် ဖြစ်ခဲ့တဲ့ အတွက် ကျွန်တော် ဟာ နိုင်ပွဲ ရရှိဖို့ အလို ရှိခဲ့ ပါတယ် ။ ဒီလို ပွဲမျိုးမှာ ဘယ်လို အနိုင်ရ သလဲ ဆိုတာက ကိစ္စ မရှိ ပါဘူး ။ ကျွန်တော်တို့ အိမ်ကွင်းမှာ 3 – 1 နဲ့ ရှုံးနိမ့် ခဲ့တဲ့ အတွက် စိတ်ပျက် ခဲ့ရ ပါတယ် ။ ဒါဟာ တကယ်ပဲ ဆိုးရွားလွန်းတယ်လို့ ကျွန်တော် ထင်ပါတယ် ”

” ဟုတ်ပါတယ် ၊ ကျွန်တော် တို့ဟာ ဒီပွဲမှာ လုံလောက်စွာ ထူးကဲ ကောင်းမွန်ခြင်း မရှိ ခဲ့ကြ ပါဘူး ။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်က လေ့ကျင့်ရေး အစီအစဉ် မှာတော့ ကျွန်တော်တို တကယ်ပဲ ကောင်းမွန် ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ ကောင်းကောင်း လေ့ကျင့် နိုင်ခဲ့ ကြတဲ့ အတွက် ခံစားချက်တွေ ကောင်းမွန် ခဲ့ရ ပါတယ် ”

” ဒါပေမယ့် ကွင်းထဲမှာတော့ ကျွန်တော်တို့ ကစားတာ အရမ်း နှေးခဲ့ ပါတယ် ။ ကျွန်တော်တို့ ဘောလုံးကိုင်တာ များခဲ့ ပါတယ် ။ ပဲလေ့စ် လို အသင်းမျိုး နဲ့ ကစားတဲ့ အခါ ပွဲရှိန်ကို မြှင့်နိုင် သလောက် မြှင့်တင်ဖို့ လိုတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ ကစားခဲ့ပုံက လုံလောက်စွာ မကောင်းခဲ့ ပါဘူး ” လို့ ဗန်ဒီ ဘိခ် က ပြောရင်း သွင်းဂိုး နဲ့ ပတ်သက်လို့ …

” ပရိသတ် ပြည့်နေတဲ့ ကွင်းထဲ ဂိုးသွင်း နိုင်မယ် ဆိုရင် ဒါဟာ အရမ်းကို ကောင်းမွန် နေပါ လိမ့်မယ် ။ ကျွန်တော် ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းက ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ ကျွန်တော် အတွက် အရေး အကြီးဆုံး ကတော့ ဂိုးသွင်း နိုင်ရေးထက် နိုင်ပွဲတွေ ရရှိ နေရေး ပါပဲ ”

” ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် ဒီလို အသင်းအတွက် ကစားပေး ရတဲ့ ခံစားချက် ကတော့ တကယ်ပဲ ကောင်းမွန်လှ ပါတယ် ။ ကျွန်တော် အသင်း အတွက် ပထမဆုံး အကြိမ် ကစား ပေးခဲ့ရ ပါတယ် ။ နောက် တစ်ကြိမ် မှာတော့ ကျွန်တော့် အသင်းကို သေချာပေါက် အနိုင်ရအောင် ကူညီ ပေးဖို့ မျှော်လင့် နေပါတယ် ”

” ကျွန်တော် ဆိုလိုတာ ကတော့ နောက် တစ်ပါတ် ကျွန်တော်တို့ ခြေစွမ်း နောက် တစ်ဆင့် တက်နိုင်ဖို့ လိုပြီး နိုင်ပွဲ ရရှိအောင် လုပ်ဆောင် ရမယ် ဆိုတာ ပါပဲ ။ ကျွန်တော် တို့ရဲ့ လက်ရှိ ခံစားချက် ကလည်း ခြေစွမ်း နောက် တစ်ဆင့် မြှင့်တင် နိုင်ဖို့ အားထုတ်ရေး ပါပဲ ” လို့ ဗန်ဒီ ဘိခ် က ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် 23 ရက်နေ့ နံနက် 1:45 အချိန် မှာတော့ ကာရာဘောင်း ဖလား Round 3 ပွဲစဉ် အဖြစ် လူတန် တောင်း အသင်းနဲ့ ရင်ဆိုင် ကစားသွား ရမှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular