spot_img

ဂိုးဖြစ်နိုင်မယ့် အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ ကာဗာနီကို ကာကွယ်ရင်း တစ်လှမ်း ရှေ့တိုးနိုင်ခဲ့ပြီလို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် အသင်းကို ရင်ဆိုင်ကစားခဲ့ ရပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာ အမှတ်တွေ လိုအပ် နေခဲ့တဲ့ နှစ်ဖက် အသင်း ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒီပွဲ မှာတော့ ယူနိုက်တက်ရော အာဆင်နယ် အသင်းဖက်ကပါ အခွင့်အရေးကောင်း တွေကို ပိုင်ဆိုင် နိုင်ခဲ့ကြပေမယ့် တိုက်စစ် ကစားသမားတွေ အသုံး မချနိုင်မုှ ၊ ဂိုးသမားတွေရဲ့ လက်စွမ်းကောင်း ပြသမှု ၊ ခံစစ် ကစားသမားတွေ ကစားပုံ ကျစ်လျစ်မှု တွေကြောင့် ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။

myan789

အဆိုပါ ရလဒ်ကြောင့် ပြီးခဲ့တဲ့ ကြားရက်က ရှက်ဖီး ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် မှာ ရှုံးနိမ့်ခဲ့ ကြတဲ့ ယူနိုက်တက် တို့ဟာ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးပြီး အမှတ်ပေးဇယား အဆင့် 2 နေရာမှာပဲ မန်စီးတီး အသင်း နဲ့ 3 မှတ် အကွာကို ရောက်ရှိ သွားခဲ့ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီဟာ ဂိုး ဖြစ်နိုင်မယ့် အခွင့်အရေးကောင်း နှစ်ကြိမ် အထိ ပိုင်ဆိုင်ခဲ့ပေမယ့် တစ်ကြိမ်ကို ပြိုင်ဖက် နောက်ခံလူက ပိတ်ဆို့ ဟန့်တား သွားနိုင်ခဲ့ သလို နောက်တစ်ကြိမ် ကတော့ ဂိုး ဘေးမှ ကပ်ထွက် သွားခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ သရေ နဲ့ပဲ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး ဆိုတာ အခွင့်အရေး တွေကို လွဲချော်မှာ ပါပဲလို့ ဥပမာပေး ပြောရင်း ဥရုဂွေး လက်ရွေးစင် ဖက်မှ ကာကွယ် စကား ဆိုခဲ့လိုက်ပြီး ရှက်ဖီးနဲ့ ပွဲတုန်းက အရှုံး ရလဒ်မှ တစ်ဆင့် သရေ ရလဒ် ဖော်ဆောင် နိုင်ခဲ့တာကို တစ်လှမ်း ရှေ့တိုးခြင်းလို့ ခေါင်းစဉ်တပ် ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ကိုယ်တိုင်လည်း တိုက်စစ်မှူး ဖြစ်ခဲ့ ပါတယ် ။ ကျွန်တော်လည်း ဂိုးမသွင်းယူ နိုင်တဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင်ခဲ့ ပါတယ် ။ အဲ့ဒီလို အချိန် တွေမှာ နည်းပြကြီး နဲ့ အသင်းဖော် တွေက ‘ မင်းဟာ ဒီမှာ ကစားရင် အခွင့်အရေး တွေကို အနည်းငယ် လွဲချော်မှာ ပါပဲ ‘ ဆိုပြီး နှစ်သိမ်း စကား ပြောခဲ့ကြ ပါတယ် ”

” ဟုတ်ပါတယ် ၊ ဂိုးတွေ သွင်းယူ ပြနိုင်ဖို့ အတွက်တော့ ဂိုးပေါက် လွဲချော်မှုတွေ ဆိုတာလည်း ရှိနေမှာ ပါပဲ ။ ဒါက တိုက်စစ်မှူးတိုင်း ဖြစ်နေကြ အရာ တစ်ခုပါ ။ သူ ( ကာဗာနီ ) ဟာ မကြာမီမှာ ဂိုးတွေ သေချာပေါက် သွင်းယူ နိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ကာကွယ် စကား ဆိုလိုက်ရင်း သရေ ရလဒ် နဲ့ ပတ်သက်လို့ …

” ကျွန်တော် တို့ဟာ ဂိုး ရနိုင်ဖို့ အတွက် လုံလောက်တဲ့ အခွင့်အရေး တွေကို ဖန်တီး နိုင်ခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ ဒီအတွက် အလုပ်တွေ ဆက်လက် လုပ်ဆောင်ပြီး ရှေ့ဆက် သွားမှာပါ ။ ဗုဒ္ဓဟူး ညတုန်းကနဲ့ ယှဉ်ရင်တော့ ဒါက (သရေ တစ်မှတ်က) ခြေတစ်လှမ်း ရှေ့တိုးခြင်းပဲလို့ ရှုမြင်ကြ ပါတယ် ”

” ကျွန်တော်တို့ ပွဲစဉ်ကို ထိန်းချုပ် နိုင်ခဲ့တယ်လို့ ခံစားခဲ့ရ ပါတယ် ။ ဂိုးတိုင် ထိခဲ့တဲ့ ဖရီးကစ် ကိုလည်း ဂိုးပြီ လို့တောင် ထင်ခဲ့မိ ပါတယ် ။ ဒါပေမယ့် ပြိုင်ဖက် အသင်းက ကျွန်တော် တို့ကို သိပ်ပြီး စိတ်မပျက် စေခဲ့ကြ ပါဘူး ။ သူတို့လည်း အခွင့်အရေး အချို့ကို ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဒေးဗစ် က သူတို့ကို စိတ်ပျက် သွားစေခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular