မန်ယူအသင်းအားပေးသူ ပရိသတ်များသည် အသင်း ပိုင်ရှင် ဂလေဇာမိသားစုအား ဆန္ဒပြကန့်ကွက်သည့် အစီအ စဉ်များကို အရှိန်မလျော့ဘဲ ထပ်မံတိုးမြှင့်လုပ်ဆောင်ရန်ပင် စီစဉ်နေကြကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့် မေလ(၂)ရက်နေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ကစားရန်စီစဉ်ထားသည့် မန်ယူ – လီဗာပူးလ်ပရီးမီးယား လိဂ်ပွဲစဉ်မှာ မန်ယူပရိသတ်များ၏ ကြမ်းတမ်းသော ဆန္ဒပြ ကန့်ကွက်မှုများကြောင့် ပွဲပျက်ခဲ့ရပြီး ယင်းပွဲအား လာမည့် မေလ(၁၃)ရက်နေ့(ကြာသပတေးနေ့)တွင် ပြန်လည်က စားရန် စီစဉ်ထားသည်။
မန်ယူအသင်းတာဝန်ရှိသူများနှင့် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် မေလ (၂)ရက်နေ့ဖြစ်ရပ်အ ပြီး ပရိသတ်များ၏ ကြမ်းတမ်းသော ဆန္ဒပြမှုများကို ကာကွယ် နိုင်ရန် လုံခြုံရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ထား သည်။ မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်း ဝန်းကျင်တွင် အတားအဆီးအကာအရံများကို ချထားသ လို၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ယခင်ကထက် (၁၀)ဆခန့်အထိ တိုးမြှင့်ချထားသည်။ ထို့အတူ ပွဲပျက်၍ ပြန် ကစားမည့် မန်ယူ – လီဗာပူးလ်ပွဲတွင်လည်း အိုးလ်ထရက် ဖို့ဒ်ကွင်းတွင် လုံခြုံရေးအင်အားကို တိုးမြှင့်ရန် တာဝန်ရှိသူ များက စီစဉ်လျက်ရှိနေသည်။ မန်ယူပရိသတ်များက အိုးလ် ထရက်ဖို့ဒ်ကွင်းရှိ အရာဝတ္ထုပစ္စည်းများကို ဖျက်ဆီး မှုများမပြုလုပ်နိုင်ရန်အတွက် အသင်း၏အရှေ့ဘက်ပွဲကြည့် စင်အနီးရှိ မြူးနစ်လေယာဉ်ပျက်ကျမ ှုအမှတ်တရနာရီ အ နီးတွင် လုံခြုံရေးအင်အားကို(၅၀)ဦးဝန်းကျင်အထိ တိုးမြှင့် သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ မန်ယူအသင်း တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ဆောင်ရွက် လျက်ရှိနေသလို၊ မန်ယူအသင်းအားပေးသူပရိသတ်များ ကလည်း ပိုမိုအင်အားပြင်းထန်သည့် ဆန္ဒပြမှုအစီအစဉ် များကို ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း ဗြိတိန်သတင်း စာများကဖော်ပြခဲ့ကြသည်။
ပြီးခဲ့သည့် မေလ (၂)ရက်နေ့က မန်ယူ – လီဗာပူးလ်ပွဲ မတိုင်မီ မန်ယူပရိသတ်များသည် အိုးလ်ထရက်ဖို့ဒ်ကွင်း အတွင်းဝင်ရောက်ကာ ယင်းပွဲကို အနှောင့်အယှက်ပေးခဲ့ ရုံမက မန်ယူအသင်းတည်းခိုရာ Lowry ဟိုတယ်ရှေ့တွင် လည်း ပရိသတ်ရာချီ၍ စုဝေးခဲ့ကြပြီး (အိုးလ်ထရက်ဖို့ဒ် ကွင်းသို့သွားမည့်) အသင်းကားများ မထွက်ခွာနိုင်ရန် တား ဆီးပိတ်ပင်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အီတလီသို့ယူရိုပါလိဂ်ပွဲစဉ်ကစားရန် သွားရောက်ခဲ့သော မန်ယူအသင်းမှာ ပရိသတ်များ အနှောင့်အယှက်မပေးနိုင် ရန် ခရီးစဉ်အချက်အလက်များကို ပြင်ပသို့မပေါက်ကြား စေဘဲ တိတ်တဆိတ်ထွက်ခွာခဲ့ရကြောင်း သိရှိရသည်။