အာဆင်နယ်အသင်းရှိ ကစားသမားအများစုသည် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီပြုလုပ်သကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများအား သပိတ်မှောက်ရန် တိုင်ပင်ဆွေး နွေးလျက်ရှိနေကြကြောင်း ဗြိိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
Facebook၊ Twitter၊ Instagram အစရှိသော ကုမ္ပဏီများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လူမျိုးရေးအသားအရောင်ခွဲခြားမှုများ များပြားလာခြင်းကို ချုပ်ကိုင်ထိန်းသိမ်းရန် ပျက်ကွက်သည်ဟု ဝေဖန်မှုများရှိနေပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက ယင်းကဲ့သို့ပျက်ကွက်ခြင်းကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် သူ၏လူမှုကွန်ရက်စာမျက်နှာများအား ပြီးခဲ့သည့်ရက်ပိုင်းက ဖျက်သိမ်းခဲ့သည်။
အာဆင်နယ်အသင်းတွင် ဆာကာ၊ ဝီလီယံ၊ အန်ကီတီယာ၊ ချာကာ အစရှိသော ကစားသမားများမှာ ပရိသတ်များ၏ လူမျိုးရေးခွဲခြားလှောင်ပြောင်မှုများကိုခံနေရပြီး ယင်းလှောင်ပြောင်မှုများအား လူမှုကွန်ရက်ကုမ္ပဏီများက ကာကွယ်မှုမပေးသည့်အပေါ် အာဆင်နယ် ကစားသမားများက ဒေါသထွက်နေခြင်းဖြစ်သည်။
လက်ရှိ တွင်အာဆင်နယ်ကစားသမားများသည် လူမှုကွန်ရက်စာမျက်နှာများ၌ #StopOnlineAbuse ဆိုသည့် လှုံ့ဆော်စာသားပျံ့နှံ့စေရန် လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။