spot_img

ချဲလ်ဆီးမန်နေဂျာသစ်ဖြစ်လာမယ့် ပိုချက်တီနို ကစားသမားသစ်ခေါ်ယူရေး စတင်လှုပ်ရှား

ချဲလ်ဆီးသည် အာဂျင်တိုင်းလူမျိုးပိုချက်တီနိုကို မန်နေဂျာအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ပြီး ကစားသမားသစ် ခေါ်ယူရေးကိုပင် ၎င်းနှင့်တိုင်ပင်၍ ဆောင်ရွက်နေပြီဖြစ်သည်။ ပိုချက်တီနိုကို မန်နေဂျာအသစ်အဖြစ် ချဲလ်ဆီးသည် မကြာမီကြေညာဖွယ်ရှိနေသည်။ ပိုချက်တီနိုသည် ၎င်း၏လက်ထောက်အဖြစ် ဂျေဇုပီရက်ဇ်ကို ရွေးချယ်ထားပြီး ပိုချက်တီနိုအသုံးပြုနေကျ နည်းပြအဖွဲ့ဖြင့်ပင် ချဲလ်ဆီးကို ကိုင်တွယ်မည်ဖြစ်သည်။ သို့ရာတွင် ရာသီမကုန်မီတွင် ပိုချက်တီနိုအနေဖြင့်ချဲလ်ဆီးကို ကိုင်တွယ်မည်မဟုတ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။

ပိုချက်တီနိုနှင့် ချဲလ်ဆီးအသင်းအားကစားဒါရိုက်တာအဖွဲ့သည် အသင်းကို အားဖြည့်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနေသည်။ ပိုချက်တီနိုသည် ဂိုးသမား ကွင်းလယ်လူနှင့်တိုက်စစ်မှူးတစ်ဦးတို့ကို လာမည့်နွေရာသီတွင် ခေါ်ယူဖွယ်ရှိသည်။ ထို့ပြင်အသင်းတွင် ပိုလျှံနေသောကစားသမားများကိုလည်း ရောင်းထုတ်ရန် ကြိုးစားလာဖွယ်ရှိသည်။

myan789

ချဲလ်ဆီးသည် အာဂျင်တီးနားတိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ကို နံပါတ်တစ်ပစ်မှတ်အဖြစ် ခေါ်ယူရန် သတ်မှတ်ထားသည်။ ထို့အပြင် နာပိုလီမှ အိုဆင်ဟမ်ကိုလည်း ချိန်ရွယ်နေသည်။ ချဲလ်ဆီးသည် လိုက်ပ်ဇစ်မှ အန်ကွန်ကူကိုလည်းပေါင် ၆၃ သန်းဖြင့်ခေါ်ယူထားပြီးဖြစ်သည်။

ချဲလ်ဆီးသည် ဝက်စ်ဟမ်းမှ ရိုက်စ်ကို ခေါ်ယူရေးတွင် အာဆင်နယ်နှင့် အပြိုင်ကြိုးစားနေသလို ဘရိုက်တန်မှ မက်ကယ်လစ်စတာကို ခေါ်ယူရေးကိုလည်း လီဗာပူးနှင့် အပြိုင်ကြိုးစားနေသည်။ ပိုချက်တီနိုသည် အာဂျင်တီးနားအသင်းနှင့်အတူ ကမ္ဘာ့ဖလားရထားသောဗီလာဂိုးသမား မာတီနက်ဇ်ကိုလည်းခေါ်ယူချင်နေသည်။

ပိုချက်တီနိုသည် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့သော မေဆင်မောင့်ကို ချဲလ်ဆီးတွင် ဆက်ထိန်းသွားလိုပြီး အင်တာမီလန်တွင် အငှားဖြင့်သွားကစားနေသော လူကာကူကို စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လာပြီး ချဲလ်ဆီးတိုက်စစ်တွင် ပြန်သုံးရန်လည်းစဉ်းစားနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular