လီဗာပူးလ်အသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ချိန်ဘာလိန်ကိုရောင်းချပြီး ငွေရှာရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ချိန်ဘာလိန်အနေဖြင့် လီဗာပူးလ်အသင်းမှထွက်ခွာပြီး သူ၏အသင်းဟောင်းဖြစ်သော အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
လီဗာပူးလ်အသင်းသည် ချိန်ဘာလိန်အတွက် ၎င်းတို့ ပေးချေခဲ့ရသော စျေးနှုန်းအတိုင်း (ပေါင် ၃၅ သန်း) ပြန်အလိုရှိနေပြီး အာဆင်နယ်အသင်းကမူ အငှားသာခေါ်ယူလိုနေကြောင်း သိရသည်။