မန်ချက်စတာယူနိုက်တက် – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
ယူနိုက်တက်အသင်းက ဒီပွဲမှာ နိုင်မှ မျှော်လင့်ချက်အနည်းငယ်ရှိမယ့် အခြေအနေပါ။ သူတို့က ဘိုင်ယန်မြူးနစ်ကို နိုင်ရင်တောင် တစ်ဖက်ပွဲစဉ်က သရေကျဖို့လိုတယ်။ တစ်ခုရှိတာက ဘိုင်ယန်မြူးနစ်ကိုသာ အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ရင် ရှုံးထွက်အဆင့်ကို တက်တာ၊ မတက်တာထက် ယူရိုပါလိဂ်ဝင်ခွင့် ရသွားမှာဖြစ်သလို၊ အသင်းကြုံတွေ့နေရတဲ့ ဖိအားတွေကို ပြန်လည်ကျော်ဖြတ်နိုင်မယ်။ ဒါ့အပြင် ပိုအရေးကြီးတာက လာမယ့်ပွဲစဉ်တွေအတွက် ယုံကြည်မှု ပြန်အားကောင်းလာနိုင်တာဖြစ်တယ်။ ဘိုင်ယန်မြူးနစ်ကလည်း ဒီပွဲမတိုင်ခင် ဘွန်ဒစ်လီဂါမှာ ဂိုးပြတ်ရှုံးလိုက်တာက မန်ယူနဲ့ပွဲမှာ ပိုမိုအားထည့်ကစားချင်စရာ ဖြစ်သွားတယ်။ မန်ယူ သရေလောက်ပဲ ရမယ်ထင်တယ်။
FC ကိုပင်ဟေဂင် – ဂါလာတာစာရေး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
ဂါလာတာစာရေးနဲ့ ကိုပင်ဟေဂင် နှစ်သင်းစလုံးက အခွင့်အရေး ခိုင်ခိုင်မာမာရှိနေကြပြီး နိုင်ပွဲယူနိုင်တဲ့အသင်း ရှုံးထွက်အဆင့်ကို တက်သွားမှာဖြစ်တယ်။ တကယ်လို့ သရေသာကျခဲ့မယ်ဆိုရင်တော့ ဂါလာတာစာရေးက မန်ယူအသင်း နို်င်ပွဲမရဖို့ မျှော်လင့်ရမှာဖြစ်တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ခြေစွမ်းအရဆိုရင် နှစ်သင်းစလုံး မာကျောကြတာမှန်ပေမဲ့ ဂါလာတာစာရေးရဲ့ တိုက်စစ်ပိုင်းကစားပုံက ပိုကောင်းတယ်။ ဂါလာတာစာရေးပဲ အနိုင်ကစားသွားမယ်ထင်တယ်။
လန်းစ် – ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ဝဝး၁၅ နာရီ)
ဆီဗီလာက နောက်ဆုံးကစားခဲ့တဲ့ မာယော့ကာအသင်းနဲ့ ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပြီး ပရိသတ်တွေလည်း စိတ်ပျက်နေကြတယ်။ ဒီပွဲကနေ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက်တော့ လန်းစ်ကို အနိုင်ကစားဖို့ လိုနေတယ်။ ဆီဗီလာကွင်းမှာတုန်းက ၁-၁ ကစားခဲ့တဲ့ပွဲဖြစ်ပြီး ဒီပွဲမှာလည်း လန်းစ်အိမ်ကွင်းဖြစ်လို့ မလွယ်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံနဲ့ ဆီဗီလာ အနိုင်ကစားမယ်။
လန်းစ် – ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ဝဝး၁၅ နာရီ)
PSV က အုပ်စုဒုတိယနေရာ သေချာပြီးသားအသင်းဖြစ်သလို၊ အာဆင်နယ်ကလည်း အုပ်စုဗိုလ်နေရာ သေချာပြီးသား အသင်းဖြစ်နေတယ်။ အာဆင်နယ်အသင်းအတွက် ဒီပွဲအနိုင်အရှုံးက အရေးမပါလို့ ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်မှာဖြစ်သလို၊ PSV ကလည်း ဒီပွဲထက် ပြည်တွင်းလိဂ်ကို ပိုအာရုံစိုက်မယ့် အနေအထားဖြစ်နေတယ်။ ဒါကြောင့် နှစ်သင်းစလုံး ထိန်းကစားရင်း သရေကျသွားမယ့်ပွဲပါ။
နာပိုလီ – စပို့တင်းဘရာဂါ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
နာပိုလီက ဒီပွဲကနေ နောက်တစ်ဆင့်ကို သေချာပေါက်တက်ဖို့ သရေတစ်မှတ်ပဲ လိုတယ်။ ကစားရမှာကလည်း အိမ်ကွင်းဖြစ်နေတယ်။ လက်ရှိအချိန်မှာ နာပိုလီက ပြည်တွင်းပွဲမှာ ရလဒ်မတည်မငြိမ် ဖြစ်နေပြီး ဘရာဂါက ခြေတက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ အတွေ့အကြုံရော ခြေစွမ်းပိုင်းပါ ကွာပါတယ်။ နာပိုလီအသင်း သရေဆိုရင်တောင် လုံလောက်ပေမဲ့ အနိုင်ကစားသွားလိမ့်မယ်။
အူန်ယွန်းဘာလင် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းလိုပဲ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ ၅ ပွဲကစား၊ ၅ ပွဲနိုင်ထားတဲ့အသင်းဖြစ်ပြီး ဒီပွဲက ရာနှုန်းပြည့်နိုင်ပွဲအတွက် ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ပထမအကျော့တုန်းက မက်ဒရစ်မှာ ဘာလင်အသင်း အ ကြိတ်အနယ်ကစားခဲ့ပြီး ရီးယဲလ်ကပ်နိုင်ခဲ့တယ်။ ဒီပွဲလည်း ရီးယဲလ် ကပ်နိုင်လောက်ပဲ ဖြစ်လိ်မ့်မယ်။
အင်တာမီလန် – ဆိုစီဒက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
ဒီပွဲကလည်း အုပ်စုဗိုလ်နေရာလုကြမယ့်ပွဲဖြစ်တယ်။ နှစ်သင်းစလုံးက အုပ်စုတွင်းမှာ ကျန်အသင်းတွေကို ရလဒ်ပိုင်း အပြတ်အသတ် အသာစီးယူခဲ့ကြတယ်။ ပထမအကျော့ ဆိုစီဒက်ကွင်းမှာတုန်းက အင်တာမီလန် ကံကောင်းလို့ သရေယူနိုင်ခဲ့တာဖြစ်ပြီး အခု မီလန်မြေမှာတော့ အုပ်စုဗိုလ်နေရာအတွက် အင်တာမီလန် အနိုင်ကစားပါလိမ့်မယ်။
ဆာလ်ဇ်ဘာ့ဂ် – ဘင်ဖီကာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
အင်တာမီလန်၊ ဆိုစီဒက်တို့နဲ့ အမှတ်အပြတ်အသတ်ကွာသွားတဲ့ နှစ်သင်းဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်က ၄ မှတ်၊ ဘင်ဖီကာက ၁ မှတ်ပဲ ရထားသေးတယ်။ ဘင်ဖီကာရဲ့ ဒီရာသီခြေစွမ်းကလည်း တော်တော်လေး ဆိုးရွားနေပြီး အခုအချိန်အထိလည်း နို်င်ပွဲတစ်ပွဲမှ မရှာနိုင်ခဲ့ဘူး။ ဒီပွဲမှာလည်း အိမ်ရှင် ဆာလ်ဇ်ဘာ့ဂ်ကို ကြိုက်ပါတယ်။