spot_img

ချန်ပီယံလိဂ် ဖလားကြီး ကို 5 ဆက်တိုက် သိမ်းပိုက်သွားတဲ့ လီယွန် (အမျိုးသမီး) အသင်း

(အမျိုးသား) ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းမှာတော့ 3 နှစ်ဆက်တိုက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်က အမြင့်ဆုံး ဖြစ်ပြီး ၊ အဲဒီမှတ်တမ်းကို ရီးရဲ မက်ဒရစ် က ပိုင်ဆိုင်ထားသလို ၊ အောင်မြင်မှု အကြီးမားဆုံး အသင်း အဖြစ်လဲ သူတို့ကပဲ ရပ်တည်လို့ နေပါတယ်။

အမျိုးသမီးပြိုင်ပွဲမှာတော့ အဲဒီလို ဂုဏ်ဒြပ်တွေကို ပိုင်ဆိုင်ထားတာ က လီယွန် ဖြစ်ပါတယ်။

myan789

လီယွန် အမျိုးသမီး အသင်းဟာ နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် 5 ရာသီ ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့သလို ၊ ပြိုင်ပွဲ သမိုင်းကြောင်း တစ်လျှောက်မှာလဲ စုစုပေါင်း 7 ကြိမ် ဗိုလ်စွဲထားကာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ် အမျိုးသမီး ပြိုင်ပွဲတွေကို 2001 ခုနှစ်မှာ စတင် ကျင်းပခဲ့တာ ဖြစ်ပြီး ၊ 2009 ခုနှစ် အထိ UEFA Women’s Cup လို့ အမည်တပ်ခဲ့တာပါ။ သို့သော် 2009 ခုနှစ် နောက်ပိုင်းမှာတော့ အမျိုးသား ပွဲစဉ်တွေလိုပဲ UEFA Women’s Champion League အမည်သို့ ပြောင်းလဲကာ ကျင်းပလာခဲ့ပါတယ်။

ချန်ပီယံလိဂ် အမျိုးသမီး ပြိုင်ပွဲမှာ အောင်မြင်မှု တွေ ရရှိထားတဲ့ ကလပ်တွေဟာ အမျိုးသား ကလပ်တွေ နဲ့ ပြောင်းပြန်ပဲလို့ မှတ်ချက်ပေးရမှာပါ။

အမျိုးသား ပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံး အသင်းတွေ ဖြစ်တဲ့ ရီးရဲ မက်ဒရစ် ၊ အေစီမီလန် ၊ ဘိုင်ယန် မြူးနစ် ၊ လီဗာပူး တို့ဟာ အမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲ ကိုတောင် တက်ရောက်နိုင်ခဲ့ဖူးခြင်း မရှိပါဘူး။

ရီးရဲ မက်ဒရစ် အသင်းဆိုရင် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကမှ အမျိုးသမီး အသင်းကို စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ၊ လီဗာပူး အမျိုးသမီး အသင်းကတော့ ပထမတန်း ကနေတောင် တန်းဆင်းသွားခဲ့ရပါတယ်။

ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံး က လီယွန် အမျိုးသမီး အသင်းပါ။ သူတို့ဟာ စုပေါင်း 7 ကြိမ် ဗိုလ်စွဲထားပြီး ၊ ဖရန့်ဖတ် အသင်းက 4 ကြိမ် နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ အင်္ဂလန် ကလပ်တွေ ထဲမှာတော့ အာဆင်နယ် အမျိုးသမီး တစ်သင်းထဲကပဲ ချန်ပီယံလိဂ် ဖလားကြီးကို 1 ကြိမ် ဆွတ်ခူးထားဖူးသေးတာ ဖြစ်ပါတယ်။

လီယွန် အမျိုးသမီး အသင်းရဲ့ စွမ်းဆောင်ရည်တွေက သြချယူရလောက်ပါတယ်။ 2011 ခုနှစ် နောက်ပိုင်း ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် 10 ကြိမ် မှာ သူတို့ တစ်သင်းထဲက 7 ကြိမ် အထိ ဗိုလ်စွဲပြထားခဲ့တာပါ။

ဒီနှစ် ဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင်လဲ ကွားတားဖိုင်နယ် အဆင့်မှာ ဘိုင်ယန် မြူးနစ် အမျိုးသမီး အသင်းကို 2-1 ရလာဒ် နဲ့ လည်းကောင်း ၊ အကြိုဗိုလ်လုပွဲမှာ တစ်နိုင်ငံတည်း ကလပ် ပီအက်စ်ဂျီ ကို 1-0 နဲ့ လည်းကောင်း အသီးသီး အနိုင်ရပြီး ၊ ဗိုလ်လုပွဲမှာတော့ မဟာပြိုင်ဘက် ဝုဖ်ဘတ် ကို 1-3 ရလာဒ် နဲ့ အပြတ်အသတ် ကစားကာ ချန်ပီယံ ဖလားကြိးကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဝုဖ်ဘတ် အမျိုးသမီး အသင်းအတွက်တော့ နောက်ဆုံး 5 နှစ် အတွင်း 3 ကြိမ် အထိ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို တက်လှမ်းနိုင်ခဲ့ပေမယ့် ၊ 3 ကြိမ် စလုံးဟာ ဒုတိယတွေ နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ပိုပြီး ဆိုးတာက အဲဒီ 3 ကြိမ် စလုံးမှာ လီယွန် နဲ့ချည်းပဲ ဗိုလ်လုပွဲ ကစားရင်း အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

လီယွန်ဟာ ဘလွန်းဒီအော်ဆု ရှင် ဟီဂါဘတ် ၊ ပြင်သစ် ရဲ့ အကောင်းဆုံး တိုက်စစ်မှုး ဆိုမာ ၊ အင်္ဂလန် ရဲ့ အကောင်းဆုံး ကစားသမား လူစီ ဘရွန်ဇီ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ အမျိုးသမီး ဘောလုံးလောကရဲ့ ဂလက်တီကို့စ်လို့တောင် တင်စားရမှာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေရဲ့ အသဲကျော် ကစားသမား မီဒီမာ ကတော့ ကွာတားဖိုင်နယ် ကနေသာ လှည့်ပြန်ခဲ့ရပေမယ့် ၊ သွင်းဂိုး စုစုပေါင်း 10 ဂိုး နဲ့ ရွှေဖိနပ် ဆုကို သိမ်းပိုက် သွားခဲ့ ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular