ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၅ ရက်၊ နံနက် ၁:၃၀ နာရီ)

ဥရောပရဲ့စက်ယန္တရားအကြီးစားကြီးနှစ်ခု ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တယ်။ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာပွဲလည်း ဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ နှစ်သင်းစလုံး တိုက်စစ်ပုံစံကောင်းပြခဲ့တယ်။ ဘာစီလိုနာက နာပိုလီနဲ့ ပွဲတုန်းက ပွဲပယ်ခံထားရတဲ့ ဘူးစကွက်စ်၊ ဗီဒယ်လ်တို့ ပြန်ပါလာမှာဖြစ်ပြီး ဒဏ်ရာပြဿနာကတော့ နှစ်သင်းစလုံးရဲ့ ပြင်ဆင်မှုကို ထိခိုက်ရလောက်တဲ့ အားနည်းချက်မျိုးမဟုတ်ဘူးလို့ပဲ ပြောရမယ်။ ဘာစီလိုနာက လိဂ်ပြိုင်ပွဲတွေပြန်စချိန်ကတည်း ကဆိုရင် (၁၂)ပွဲမှာ (၄)ပွဲ ရှုံးခဲ့ပြီး ဘီလ်ဘာအို၊ အက်စ်ပန်ညို၊ ဗယ်လာဒိုလစ်တို့နဲ့ပွဲတွေမှာ Narrow Margin နဲ့ပဲ နိုင်ခဲ့တာ တွေ့ရတယ်။ ဘိုင်ယန်က ပြိုင်ပွဲစုံ နောက်ဆုံး (၂၄)ပွဲမှာ (၂၃)ပွဲနိုင်ပြီး၊ (၁)ပွဲပဲသရေကျတယ်။ ပွဲတိုင်းလိုလို တိုက်စစ်ခြေစွမ်း ပြခဲ့တယ်။ လက်ရှိခြေစွမ်းအရဆိုရင် ဘိုင်ယန်မြူးနစ် သာတယ်။ ဒါပေမဲ့ ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံချိန်မှာ ပြီးခဲ့တဲ့ပွဲတွေရဲ့ ခြေစွမ်းက အရေးကြီးတယ်။ မက်ဆီ-အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ ထိပ်တိုက်တွေ့နိုင်ပြီး စိတ်ဝင်စားစရာကောင်းတယ်။ ဘာစီလိုနာရဲ့ လက်ရှိခြေစွမ်းက Perfect Moment မဟုတ်ပေမယ့် အခုအချိန်အထိ ဘိုင်ယန်မြူးနစ်ကို ခြိမ်းခြောက်နိုင်တဲ့အနေအထားမှာရှိပြီး အထူးသဖြင့် တိုက်စစ်ပိုင်းက အားကောင်းနေဆဲဖြစ်တယ်။ ဘာစီလိုနာရဲ့ကစားဟန်ကလည်း ဘိုင်ယန်မြူးနစ်ကို ခါတိုင်း ပွဲတွေနဲ့မတူဘဲ ခက်ခဲစေလိမ့်မယ်။ ဒါပေမဲ့ ဒီပွဲမှာ မက်ဆီထက် ပိုစိတ်ဝင်စားဖို့ကောင်းနေတာက လီဝန်ဒေါစကီးဖြစ်ပြီး သူက ဒီရာသီချန်ပီယံလိဂ်မှာ (၇)ပွဲပဲကစားပြီး (၁၃)ဂိုး သွင်းယူနိုင်ခဲ့တယ်။ လီဝန်ဒေါစကီးကို ဘာစီလိုနာ ရပ်တန့်ဖို့ကလည်း မလွယ်ဘူး။ ခြုံကြည့်ရင် ဘိုင်ယန် သာနေပါတယ်။ ဂိုးတွေလည်း သွင်းနိုင်တယ်။ ဒါပေမဲ့ မက်ဆီနဲ့ ဘာစီလိုနာကို ပိုကြိုက်တယ်။

myan789

Facts

  • ဘာစီလိုနာအသင်းသည် ယခုရာသီကစားသည့် ချန်ပီယံလိဂ် (၈)ပွဲစလုံး ရှုံးပွဲလုံးဝမရှိခဲ့ဘဲ (၅)ပွဲ အနိုင်ရရှိခဲ့သလို၊ အနိုင်ရရှိသည့်ပွဲတိုင်း (၂)ဂိုး နှင့်အထက် သွင်းယူနိုင်ခဲ့သည်။
  • ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပွဲရာနှုန်းပြည့်နိုင်သည့် တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသည်။
  • ယင်းနှစ်သင်းတွေ့ဆုံသည့် ချန်ပီယံလိဂ်နောက်ဆုံး (၄)ပွဲတွင် ဘိုင်ယန်က (၃)ပွဲနိုင်ခဲ့ပြီး အနိုင်ရသည့်ပွဲတိုင်းလည်း (၃)ဂိုးနှင့်အထက် သွင်းခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular