ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘက်ဆစ်တက် – ဒေါ့မွန် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
ဒေါ့မွန်က ဆန်ချို ထွက်သွားပေမဲ့ အားကောင်းနေဆဲ၊ ဟော်လန်းကလည်း ဂိုးတွေသွင်းနေဆဲပါ။ ကွင်းလယ်မှာ ဘယ် လင်ဟမ်ရဲ့ခြေစွမ်းက သိသိသာသာတိုးတက်လာပြီး စောင့် ကြည့်ရမယ့် ကစားသမားဖြစ်လာတယ်။ အသင်းလိုက် ဟန် ချက်ညီတယ်။ မြန်နှုန်းမြင့်တယ်။ ခံစစ်ပိုင်းကတော့ ဂိုးပေးနှုန်း တော်တော်လေးများတာ တွေ့ရတယ်။ ဒီပွဲလည်း အပြန်အလှန် ဂိုးတွေနဲ့ ဒေါ့မွန် နိုင်မယ်ထင်တယ်။

ရှာရစ်ဖ် – ရှက်တာဒိုးနက် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
ရှက်တာဒိုးနက်က မနှစ်က ရီးယဲလ်မက်ဒရစ်ကို ဒုက္ခ ပေးနိုင်ခဲ့သလို၊ အင်တာမီလန်ပါတဲ့ အုပ်စုမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့အသင်းပါ။ လူစာရင်းမှာ ပရိသတ်နဲ့ ရင်းနှီးပြီးသား တွေရော၊ မရင်းနှီးသူတွေပါ ရှိတယ်။ တောင်အမေရိက အခြေ စိုက်ကစားသမားတွေများပြီး တစ်ဦးချင်း အရမ်းကောင်းကြ တယ်။ ရှက်တာဒိုးနက် နိုင်ပွဲယူမယ်ထင်တယ်။

myan789

မန်စီးတီး – လိုက်ပ်ဇစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဒီအုပ်စုက အမှားမခံတဲ့အုပ်စုဖြစ်တယ်။ PSG၊ မန်စီးတီး၊ လိုက်ပ်ဇစ်တို့ (၃)သင်းထဲက တစ်သင်းကျန်ခဲ့ရမယ့်အခြေအနေ မှာ ဒီ (၃)သင်းရဲ့ ပတ်လည်တွေ့ဆုံမှုတွေက တော်တော်လေးအ ရေးကြီးတယ်။ မန်စီးတီးက အိမ်ကွင်းမှာ အခွင့်အရေးကို အသုံး မချနိုင်ရင် အခက်တွေ့သွားနိုင်တယ်။ လိုက်ပ်ဇစ်ကလည်း အမာ ခံကစားသမားတချို့ မရှိတော့တဲ့ ပြဿနာရှိတယ်။ နာဂယ်စ်မန်း ရဲ့အသင်းလည်း မဟုတ်တော့ဘူး။ ဒါပေမဲ့ ခြေအရမ်းကွာမယ် မထင်ဘူး။ မန်စီးတီး (၂-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။

ကလပ်ဘရုဂေး – PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ)
PSG အသင်းက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်း စားနေတဲ့အသင်းဖြစ်တယ်။ ပြည်တွင်းလိဂ်မှာလည်း နိုင်ပွဲတွေ ဆက်လာတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းမှာ ဘာပေရဲ့ဂိုးတွေကို အဓိကမှီခိုနေရပြီး နေမာ ဂိုးပေါက်ပျောက်နေတယ်။ မက်ဆီ လည်း ကောင်းကောင်းအထိုင်မကျသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲကတော့ PSG ရဲ့ပွဲဖြစ်မှာပါ။

အက်သလက်တီကို – ပေါ်တို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
မာကျောပြီး ကျစ်လျစ်တဲ့ အသင်းကောင်းနှစ်သင်းရဲ့ပွဲပါ။ အက်သလက်တီကိုကတော့ ပေါ်တိုထက် ပိုအားကောင်းတဲ့အ သင်းဖြစ်ပြီး တိုက်စစ်ပိုင်းမှာလည်း ဂရီးဇ်မန်း ပြန်ရောက်လာ တာ ပိုပြီးအားကောင်းသွားတယ်။ ပေါ်တိုမှာ အရည်အသွေးမြင့် ကစားသမားတွေရှိပြီး ခံစစ်လည်း မာကျောတယ်။ ဒါပေမဲ့ အက် သလက်တီကိုကွင်းဖြစ်လို့ ပေါ်တို သရေတောင်ရမယ်မထင်ဘူး။

လီဗာပူးလ် – အေစီမီလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
လီဗာပူးလ်နဲ့ အေစီမီလန်က ဒီဘက်နှစ်တွေမှာ အဆင့်တော်တော်ကွာသွားခဲ့တယ်။ ဒါပေမဲ့ မနှစ်က အေစီမီလန်ရဲ့ခြေ စွမ်းနဲ့ ဒီရာသီမှာပြသနေတဲ့ ခြေစွမ်းတွေကတော့ လီဗာပူးလ်ထက် အားနည်းနေဆဲဆိုရင်တောင် ဒုက္ခပေးနိုင်စွမ်းရှိတဲ့ အနေအ ထားဖြစ်လာပြီလို့တော့ ယူဆမိတယ်။ အေစီမီလန်ရဲ့တိုက်စစ်က ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကြယ်ပွင့်တွေ ပေါင်းစပ်ထား ပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းလည်း မဆိုးဘူး။ ပုံမှန်ခြေစွမ်းအတိုင်းဆိုရင် ဥရောပရဲ့အလယ်အလတ်အဆင့်ထက် ပိုကောင်းပါ တယ်။ ဒါပေမဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ ဒုက္ခပေးနိုင်ဖို့တော့ မလွယ်လောက်ဘူး။ လီဗာပူးလ်တိုက်စစ်ကိုလည်း ထိန်းနိုင်မယ် မထင်ဘူး။ လီဗာပူးလ်ပဲ ကြိုက်တယ်။

စပို့တင်းလစ္စဘွန်း – အေဂျက်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပရိသတ်တွေနဲ့ နည်းနည်းလေးအလှမ်းဝေးတဲ့ပွဲ၊ လူပြော သိပ်မခံရတဲ့ပွဲဆိုပေမဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ ကစားသမား တွေနဲ့ စုဖွဲ့ထားတဲ့အသင်းတွေဖြစ်လို့ အကြိတ်အနယ် ပွဲကောင်း တစ်ပွဲကို မြင်ရမယ်ထင်တယ်။ အေဂျက်စ်က အထင်ကြီးစရာ အသင်းဆိုပေမဲ့ စပို့တင်းလစ္စဘွန်းကွင်းမှာတော့ သရေလောက် ရရင် ကျေနပ်ရမှာပါ။

အင်တာမီလန် – ရီးယဲလ်မက်ဒရစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
မနှစ်ကတော့ ကွန်တီရဲ့အင်တာမီလန်က ရီးယဲလ်မက် ဒရစ်ကို နှစ်ကျော့စလုံး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပေမဲ့ နှစ် ကျော့စလုံး ရှုံးခဲ့တယ်။ ဒီနှစ်က နှစ်သင်းစလုံး အားနည်းချက် ကိုယ်စီရှိပါတယ်။ အင်တာမီလန်က ကွန်တီအပါအဝင် အဓိက ကစားသမားတချို့ ထွက်သွားပြီး ရီးယဲလ်ထက် ပိုဆိုးတယ်လို့ လည်း ပြောနိုင်တယ်။ စောင့်ကြည့်ရဦးမယ့် အနေအထားဖြစ် တယ်။ ရီးယဲလ်ကလည်း အရင်လိုအသင်းမျိုးမဟုတ်တော့ဘူး။ အင်တာမီလန်ကွင်းမှာတော့ သရေလောက်ပဲ ဖြစ်မယ်ထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular