spot_img

ချန်ပီယံလိဂ်ဝင်ခွင့်မရသဖြင့် အာဆင်နယ်အသင်း၏ မက်မောဖွယ်ကမ်းလှမ်းမှုကို ရာမို့စ် ငြင်းဆန်ခဲ့

အာဆင်နယ်အသင်းသည် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လမ်းခွဲခဲ့သော စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်အား ခေါ်ယူရန် မက်မောလောက်ဖွယ် လစာငွေ ပမာဏဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ပယ်ချခံခဲ့ရကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် မြင့်မားသောလစာငွေပမာဏဖြစ်သည့် တစ်နှစ်လစာ ယူရို(၁၇)သန်းဖြင့် ရာမို့စ်အားခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ရာမို့စ်က အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းမဟုတ်သဖြင့် ယင်းကမ်းလှမ်းမှုအား လက်မခံခဲ့ကြောင်း သိရသည်။

myan789

အသက်(၃၅) နှစ်အရွယ်ရှိ ၀ါရင့်နောက်ခံလူ ရာမို့စ်အား အာဆင်နယ်အသင်းက အသင်းနှင့်လမ်းခွဲသွားသော ဘရာဇီးလ်ဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်၏နေရာ၌ အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရာမို့စ်၏ အေးဂျင့်အဖွဲ့က အာဆင်နယ်အသင်း၏ကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားခဲ့သော်လည်း ကာယကံရှင်ဖြစ်သူ ကစားသမားကိုယ်တိုင်က ယင်းကမ်းလှမ်းမှုအား ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း Goal အားကစားသတင်းဌာနက ဖော်ပြခဲ့သည်။

ရာမို့စ်သည် အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသည့် ပြင်သစ်ကလပ် PSG အသင်းနှင့် (၂)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သည်။

PSG အသင်းတွင် ရာမို့စ်သည် တစ်နှစ်လျှင် အခွန်ဆောင်အပြီး ယူရို(၁၀.၅)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular