ဂျူဗင်တပ်စ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရယူ နိုင်ခြင်းမရှိခဲ့ပါက အသင်းမှ ထိပ်တန်းကစားသမားများကို ထိန်းသိမ်းထားနိုင်ရန် အတွက် အခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းတွင် အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်နေသော စီရော်နယ်လ်ဒို၊ ရမ်ဆေး၊ ရာဘီ ယူ၊ ဒီဘားလား၊ ဒီလစ်၊ မိုရာတာစသည့်ကစားသမားများသည် ချန်ပီယံလိဂ်ဝင် ခွင့်မရခဲ့ပါက အသင်းမှ ထွက်ခွာရန် သေချာသလောက်ရှိနေသလို၊ အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီက နည်းပြအဖွဲ့ကိုလည်း အပြောင်းအလဲပြုလုပ်ဖွယ်ရှိသည်ဟု အီတလီမီဒီယာအချို့က သုံးသပ်နေကြသည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် ၂၈ ပွဲကစားအပြီးတွင် ရမှတ် ၅၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာတွင်ရပ်တည်နေသည်။