ဂျူဗင်တပ်စ်အသင်း၏နည်းပြ အယ်လီဂရီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင် ပွဲတွင် မိမိတို့အသင်းမှာ ဗိုလ်စွဲရန် ရေပန်းစားသည့်အသင်း မဟုတ်သော်လည်း နောက်ဆုံး(၈)သင်းစာရင်းထဲ ပါဝင်သင့်သည်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် နောက်ဆုံး(၇)နှစ်အတွင်း ဗိုလ်လုပွဲ (၂)ကြိမ်ရောက်ခဲ့သော် လည်း နောက်ဆုံး(၂)ရာသီတွင် ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည်။
အယ်လီဂရီက “ဥက္ကဋ္ဌနဲ့ စကားပြောအပြီးမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နောက်ဆုံး(၈)သင်းထဲ ပါဝင်ရေးပါပဲ။ ဒါပေမဲ့ ဒါက ဆုဖလားကို မမျှော်မှန်းနိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် မနေ့ကကစားခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မာလ်မိုအသင်းအား (၃-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။