spot_img

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို လာမယ့် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေနေ့တွေမှာ တစ်နေ့ကို တစ်ပွဲနှုန်းနဲ့ ကစားသွားမှာဖြစ်ပါတယ်။ ပွဲတိုင်းက စိတ်ဝင်စားစရာကောင်းပြီး အခွင့်အရေး ကိုယ်စီရှိနေကြတယ်လို့ပဲ ပြောရမယ်။ ပထမနေ့ပွဲစဉ်မှာတော့ အသင်းက နောက်ကျသွင်းဂိုးတွေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီး လိုက်ပ်ဇစ် – အက်သလက်တီကိုပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့မှာဖြစ်ပါတယ် . . .

လိုက်ပ်ဇစ် နှင့် အက်သလက်တီကို (သောကြာနံနက် ၁း၃၀ နာရီ)
လိုက်ပ်ဇစ်က ဖေဖော်ဝါရီလောက်ကစပြီး အကောင်းဆုံးပုံစံပြလာခဲ့ပြီး သူတို့ကို အနိုင်ယူဖို့ အရမ်းခက်ခဲခဲ့တယ်။ အဲ့ဒီ ကာလအတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၆)ပွဲမှာ ဒေါ့မွန်တစ်သင်းတည်းကို ရှုံးခဲ့တယ်။ စပါးလိုအသင်းမျိုးကို နှစ်ကျော့ပေါင်း (၄-ဝ)ဂိုးနဲ့ ကျော်ဖြတ်လာခဲ့တာကိုလည်း သတိပြုရမယ်။ ဒါပေမဲ့ ဒီပွဲမှာ လိုက်ပ်ဇစ်အတွက် စိတ်ပျက်စရာက အဓိကခံစစ်ကစားသမား ကိုနာတေ မကစားနိုင်တာ၊ တီမိုဗာနာ ချယ်လ်ဆီးကို ပြောင်းသွားတာ၊ တိုက်စစ်မှာ ဟွမ်ဟီချန် ကစားခွင့်မရသေးတာတွေက အသင်းကို အားနည်းသွားစေတယ်။ အက်သလက်တီကိုက လီဗာပူးလ်ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့တဲ့အသင်းဖြစ်ပြီး ဒီအဆင့်တွေမှာ အတွေ့အကြုံပိုများတယ်။ အားပိုကောင်းပြီး၊ ပိုမာကျောတယ်။ တစ်သင်းလုံးက ပွဲတစ်ပွဲကို နည်းမျိုးစုံနဲ့ ကျော်ဖြတ်ဖို့အတွက် အသင့်ဖြစ်နေတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ရှိသူတွေဖြစ်ပြီး တိုက်စစ်ပိုင်းမှာလည်း အရည်အသွေးမြင့် ကစားသမားတွေရှိတယ်။ တစ်ကျော့တည်းကစားတဲ့ပွဲတွေဆိုတာ ခံစစ်ကို ပိုမိုလုံခြုံအောင်တည်ဆောက်ပြီး ကစားတဲ့အသင်းတွေအတွက် အခွင့်အရေးပိုရှိသလို၊ အရည်အသွေးပိုင်းအရဆိုရင်လည်း အက်သလက်တီကိုကို ပိုကြိုက်ပါတယ်။ အက်သလက်တီကိုပဲ ဆီမီးဖိုင်နယ်တက်မယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular