spot_img

ခံစစ်ပိုင်း ပြသနာတွေကို ဖြေရှင်းရန် လီဗာပူးတို့ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် နောက်ခံလူကို ပြောပြလိုက်တဲ့ မာတင်ကီအွန်

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ မာတင်ကီအွန်က လီဗာပူး အသင်း အနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်း ပြသနာတွေကို ဖြေရှင်းသွားဖို့ အတွက် ဆောက်သမ်တန် ဗဟိုနောက်ခံလူ ယန်နစ် ဗက်စတာဂတ်ကို ခေါ်ယူဖို့ လှုပ်ရှားသင့်တယ်လို့ အကြံပေး သွားခဲ့ပါတယ်။ ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးဂိုးမက်ဇ် တို့ဟာ ဒူးဒဏ်ရာတွေကြောင့် ကာလရှည် အနားယူ နေရသလို ဂျိုရယ်မာတစ် ကလည်း ကောင်းမွန်တဲ့ ကြံ့ခိုင်မှု မှတ်တမ်း မရှိဘဲ လက်ရှိမှာလည်း ဒဏ်ရာကြောင့် အနားယူ နေရပါတယ်။

ဒါ့ကြောင့်လည်း ယာဂန်ကလော့ဟာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ကို ဗဟို ခံစစ်မှာ ထားကစား ခဲ့ရပြီး လီဗာပူးရဲ့ ခံစစ်ပိုင်း ပြသနာတွေဟာ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည် အပေါ် ထိခိုက်မှုတွေ ရှိနေတာကို မြင်တွေ့ နေရပါတယ်။ ဒါပေမယ့်လည်း ကလော့ကတော့ ဇန်နဝါရီမှာ ဗဟို နောက်ခံလူ တစ်ဦး ဝယ်ယူဖို့ကို ငြင်းဆန် ပယ်ချ နေဆဲ ဖြစ်ပြီး နက်ဖီးလစ် နဲ့ ရီးစ်ဝီလီယံ တို့ဟာ ဒီနေရာကို ကောင်းကောင်း ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

myan789

ဒါပေမယ့်လည်း ကီအွန်က ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ကွင်းလယ်လူတွေကို ဗဟိုခံစစ်မှာ ထားကစား ခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် ကလော့ဟာ သူ့ လူငယ် ကစားသမားတွေ အပေါ် အပြည့်အ၀ ယုံကြည်မှု မရှိဘူးလို့ ယူဆ နေပြီး ဒါဟာ ၎င်းတို့ရဲ့ ယုံကြည်မှုပိုင်း ကိုပါ ထိခိုက်မှု ရှိစေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့ကြောင့် လီဗာပူး နည်းပြ အနေနဲ့ ဇန်နဝါရီမှာ အပြောင်းအရွေ့ ဈေးကွက်ထဲ ဝင်ကာ အရည်အသွေးမြင့် နောက်ခံလူကို ရှာဖွေ သင့်တယ်လို့ အကြံ ပေးခဲ့ ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းက လက်ရှိမှာ ဆောက်သမ်တန် နဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့တဲ့ ဗက်စတာဂတ်ဟာ အန်ဖီး ကလပ်တို့ ပစ်မှတ်ထား သင့်တဲ့ ကစားသမား ဖြစ်တယ်လို့ ညွှန်းလိုက် ပါတယ်။

ကီအွန်က “ဆောက်သမ်တန်မှာ ဗက်စတာဂတ် ကစားနေတဲ့ ပုံစံကို ကျွန်တော် အမြဲ စောင့်ကြည့် ဖြစ်နေ ပါတယ်။ ကျွန်တော်ရဲ့ အမြင် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ သူ့ထက် ပိုကောင်းတဲ့ ဗဟို နောက်ခံလူကို ကျွန်တော် မမြင်မိ ပါဘူး။ ကျွန်တော် သူ့ရဲ့ စာချုပ် အခြေအနေ ကိုလည်း တစ်ချက် ကြည့်ခဲ့ ပါတယ်။ ကျွန်တော် ဆောက်သမ်တန် နဲ့ ပြသနာ ဖြစ်ဖို့ ကြိုးစား နေတာတော့ မဟုတ်ပါဘး။ ဒါပေမယ့် သူဟာ ယာဂန်ကလော့ ပစ်မှတ်ထား ခေါ်ယူ သင့်တဲ့ ကစားသမား တစ်ဦးလို့ ကျွန်တော် ယူဆ မိပါတယ်။

သူဟာ ဒီရာသီ အရမ်းကို ကောင်းအောင် ကစားနေပြီး လက်ရှိမှာတော့ ဒဏ်ရာ ရနေပါတယ်။ ဒါပေမယ့်လည်း ယာဂန် ကလော့ ဒီလိုမျိုး လုပ်သွားမယ့်ပုံ မရှိပါဘူး။ သူ့မှာ လူငယ် ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ နက်ဖီးလစ် နဲ့ ရီးစ်ဝီလီယံ တို့ ရှိနေပါတယ်။ ဒါပေမယ့် ကလော့ဟာ ဗဟို ခံစစ်မှာ ကွင်းလယ်လူတွေကို ထားကစား ခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် ဒါဟာ ဒီလူငယ်တွေရဲ့ ယုံကြည်မှုကို ထိခိုက်မှု ရှိစေမှာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ အခြေအနေတွေဟာ သူ့အတွက် လွယ်ကူမှု မရှိပါဘူး။ ဂိုးမက်ဇ် နဲ့ ဗန်ဒိုက် တို့ဟာ အရမ်းကို ထူးချွန်တဲ့ ဗဟို နောက်ခံလူတွေ ဖြစ်ကြပြီး သူ့အနေနဲ့ ဒီလူတွေကို အမြန်ဆုံး ပြန်ရဖို့ လိုအပ် နေပါတယ်။ ဒါပေမယ့် သူတို့ ဒီရာသီ အသင်း အတွက် ပြန်ကစား ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်မိ ပါဘူး။” လို့ ပြောလိုက်ပါတယ်။

ဗက်စတာဂတ်နဲ့ ပက်သက်ပြီး ပြောကြားရာမှာတော့ ကီအွန်က ဒီရာသီ ၎င်းရဲ့ ခြေစွမ်းဟာ ဗန်ဒိုက် ကိုတောင် ပြန်လည် အမှတ်ရစေတယ်လို့ ဝန်ခံလိုက်ပြီး တိုက်ဆိုင်စွာနဲ့ပဲ ဗန်ဒိုက် ကလည်း ဆောက်သမ်တန် ကစားသမားဟောင်း တစ်ဦး ဖြစ်နေ ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်းက “သူဟာ ကျွန်တော့်ကို ဗန်ဒိုက်ကို ပြန်လည် အမှတ်ရစေပါတယ်။ ဒီကစားသမား ၂ ဦးကြား ကစားပုံက အတော် ဆင်တူ နေပါတယ်။ သူတို့ရဲ့ ဘောလုံး ဖြန့်ဝေပုံတွေ ၊ ကွင်းလယ်ကို တက်ကာ ချုပ်ကစားပုံတွေ ၊ challenges လုပ်ပုံတွေဟာ ခပ်ဆင်ဆင် ပါပဲ။ ဒါ့အပြင် သူတို့ ၂ ဦးစလုံးဟာ လူကောင်ကြီးတဲ့ ကစားသမား တွေလည်း ဖြစ်ပါတယ်။

အမှန်ပါပဲ။ ဆောက်သမ်တန် ဘက်ကတော့ သူ့ကို လက်လွှတ် သွားမှာ မဟုတ်ပါဘူး။ ဒီရာသီ ဆောက်သမ်တန်တို့ အကောင်းဆုံး လုပ်ပြ နေရာမှာ သူဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင် နေသူပါ။ သူတို့ဟာ လီဗာပူးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အရမ်း ကောင်းခဲ့တယ်လို့ ပြောသွား ၇မှာ ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular