ယူနိုက်တက်နည်းပြ တန်ဟက်တစ်ယောက် တနင်္လာနေ့မှာ အလုပ်ပြန်လည်စတင်ရမှာဖြစ်ပြီး ခံစစ်ဒဏ်ရာရပြဿနာနဲ့ပတ်သက်လို့ အဖြေရှာရမှာဖြစ်ပါတယ်။ တန်ဟက်ဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ဗီလာကို သရေကန်နိုင်ခဲ့တာကြောင့် အသင်းမှာဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဗီလာကို သရေကျခဲ့တာက ယူရိုပါလိဂ်မှာ ပေါ်တိုကို သရေကျခဲ့ပြီးနောက် ပြိုင်ပွဲစုံ ဒုတိယမြောက်သရေကျခဲ့တဲ့ပွဲဖြစ်လာခဲ့ပါတယ်။
နိုင်ငံတကာရက်သတ္တပတ်အတွင်း ယူနိုက်တက်တာဝန်ရှိသူတွေဟာ ၂ ကြိမ်တိုင်တွေ့ဆုံခဲ့ပြီး တစ်ကြိမ်က အိုးထရက်ဖို့ဒ် နဲ့ တစ်ကြိမ်က လန်ဒန်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံမှုဟာ ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပြီး တရားဝင်ထုတ်ပြန်မှုတော့ မရှိခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ တန်ဟက်နေရာဟာ အပြောင်းအလဲမဖြစ်သေးဘူးလို့ ဆိုနေကြပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အတွင်း နယ်သာလန်သားဟာ မိခင်မြေမှာ အချိန်ကုန်ဆုံးခဲ့ပြီး တနင်္လာနေ့မှာ ကာရင်တန်ကို ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲက တန်ဟက်အတွက် အရေးကြီးတဲ့ပွဲဖြစ်ပေမယ့် ခံစစ်မှာ ဒဏ်ရာပြဿနာရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗီလာကို သရေကျခဲ့တဲ့ပွဲမှာ မက်ဂွါရီ နဲ့ မာဇာအူရီတို့ကို လက်လွှတ်ခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ လုခ်ရှော နဲ့ မာလာစီယာတို့ ကြံ့ခိုင်မှုမပြည့်တဲ့အနေအထားမှာ မာတီနက်ဇ် ဒါမှမဟုတ် အီဗန်က ဘယ်နောက်ခံလူနေရာကို ဆင်းကစားရဖွယ်ရှိနေပါတယ်။
ခံစစ်မှာတော့ လင်ဒီလော့ဖ်က ဒီရာသီပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ ကက်စ်မဲရိုး နဲ့ ဒီလစ်ဂျ်တို့ တွဲဖက်လာဖွယ်ရှိနေပါတယ်။ ပေါ်တို ၊ ဗီလာတို့နဲ့ပွဲတွေကို လွဲချော်ခဲ့တဲ့ မေဆင်မောင့်တစ်ယောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာက ယူနိုက်တက်အတွက် သတင်းကောင်းလို့ဆိုရမှာဖြစ်ပါတယ်။