ဇော်ယာ နှင့် ရိုးမား (ကြာသပတေးည ၁၁း၁၅ နာရီ)
မော်ရင်ဟိုရဲ့ရိုးမားအသင်းက ကွန်းဖရန့်လိဂ်ကို အာရုံစိုက်ကစားနေတာ အဖွင့်ပွဲမှာကတည်းက သိသာပါတယ်။ ဒါပေမဲ့ အဝေးကွင်း(၂)ပွဲဆက် အရေးနိမ့်ထားတဲ့ အသင်းစွမ်းဆောင်ရည်ပိုင်းကတော့ အနည်းငယ်သံသယရှိစရာကောင်းနေတယ်။ ရိုးမားအသင်းရဲ့ပွဲထွက်စာရင်းမှာတော့ အဖွင့်ပွဲကအတိုင်း အရန်ကစားသမားအများစုကိုပဲ ထုတ်သုံးမှာ သေချာသလောက်ပါပဲ။ ဇော်ယာက ပြီးခဲ့တဲ့နှစ်တွေကလောက် တောင့်တင်းမှုမရှိတော့ပေမဲ့ နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာ ရလဒ်ပိုင်း တည်ငြိမ်လာတာ တွေ့ရတယ်။ ရိုးမားအသင်း ဂိုးပြတ်သွင်းဖို့ မလွယ်လောက်ဘူး။
စပါး နှင့် မူရာ (သောကြာနံနက် ၁း၃၀ နာရီ)
ဆလိုဗေးနီးယားကလပ် မူရာအသင်းက ဒီအုပ်စုမှာ အားအနည်းဆုံးဖြစ်ပြီး အသင်းတိုင်းကို အမှတ်လှူမယ့်အနေအထားတွေ့ရတယ်။ စပါးအသင်းကတော့ ဒီလိုပွဲမျိုးမှာ အရန်ကစားသမားတွေကိုပဲ ပွဲထွက်အသုံးပြုလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် စပါး (၃)ဂိုးပြတ်လောက်တော့ သွားနိုင်တယ်။
ဖီယင်နု နှင့် ဆလားဗီးယားပရပ်ဂ် (သောကြာနံနက် ၁း၃၀ နာရီ)
ဆလားဗီးယားပရပ်ဂ်က အူန်ယွန်းဘာလင်ကို ဂိုးပြတ်အနိုင်ကစားထားတဲ့အသင်းပါ။ ဒါပေမဲ့ ဥရောပသမ္ဘာပိုရှိတဲ့ ဖီယင်နုကိုပဲ ရွေးချင်တယ်။
LASK နှင့် မက္ကာဘီတဲလ်အဗစ် (ကြာသပတေးည ၁၁း၁၅ နာရီ)
အုပ်စု(A) ရဲ့ ပထမနေရာလုပွဲဖြစ်ပြီး LASK က မက္ကာဘီတဲလ်အဗစ်ထက် ခြေစွမ်းပိုကောင်းပါတယ်။ LASK ပဲ အနိုင်ရဖို့များတယ်။
အူန်ယွန်းဘာလင် နှင့် မက္ကာဘီဟိုင်ဖာ (သောကြာနံနက် ၁း၃၀ နာရီ)
အူန်ယွန်းဘာလင်အသင်း အုပ်စုအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပေမဲ့ မိနစ်(၄၀)လောက်ကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကို ထည့်တွက်ရမယ်။ အခုပွဲတော့ ဂိုးပြတ်နိုင်ပွဲနဲ့ အူန်ယွန်းဘာလင် ပြန်လာလိမ့်မယ်။
ဗွီတက်ဆီ နှင့် ရန်းစ် (သောကြာနံနက် ၁း၃၀ နာရီ)
ရန်းစ်အသင်းက ကစားသမားအင်အား ပိုသာပေမဲ့ နယ်သာလန်မြေဖြစ်တာကို ထည့်တွက်ရမယ်။ ဗွီတက်ဆီ မရှုံးနိုင်ပါဘူး။