ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ဟာ သူ့ရဲ့ လျှင်မြန် ဖျတ်လတ်မှု ၊ လူကောင် သေးငယ်မှုတွေကြောင့် ကြွက်ကလေး ဆိုတဲ့ အမည်ပြောင်ကို ချစ်စနိုး ရရှိ ထားသူ ဖြစ်ပါတယ် ။ ကန်တီ ဟာ ကွင်းထဲမှာ အကောင်းဆုံး ကြိုးစား အားထုတ် ကစားပြီး ကမ္ဘာ့ အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်ပေမယ့် ဘ၀ကို ရိုးသားစွာ ဖြတ်သန်း နေထိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ် ။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ကန်တီ ဟာ အလွန် ညစ်တဲ့ သူ ဖြစ်ကြောင်း ပြောဆို လာခဲ့ ပါပြီ ။ သူတို့ ၂ ဦး ဟာ ပြင်သစ် လက်ရွေးစင် အသင်းမှာ လိုက်ဖက်တဲ့ ကွင်းလယ် အတွဲ အဖက် ဖြစ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ ဖလား အောင်ပွဲမှာ အဓိက ကျတဲ့ အခန်း ကဏ္ဍကနေ ပါ၀င် ခဲ့ကြပါတယ် ။
beIN Sports သတင်း ဌာန နဲ့ တွေ့ဆုံ မေးမြန်းမှုမှာ ပေါ့ဘာ က သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟာ ဥာဏ်နီ ဥာဏ်နက် များပြီး အနိုင်ရအောင် ဘယ်နည်းကို မဆို သုံးတတ်တဲ့ သူမျိုး ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။
“ဒီကောင်က အရမ်းညစ် တယ်ဗျ ။ ကတ်ဂိမ်းတွေ ပဲဖြစ်ဖြစ် ဘုတ်ဂိမ်းတွေပဲ ဖြစ်ဖြစ်ပါ ၊ သူက အရမ်းညစ်တဲ့ သူပဲ ။ တကယ်ပြောတာပါ ၊ ဒီကောင်က ငညစ်ပါ ။ သူကတော့ မညစ်ဘူးဆိုပြီး ငြင်းနေကျပါ ၊ ဒါပေမယ့် တကယ်တမ်းကျ သူညစ် ပါတယ်”
“အန်ဂိုလို က ဥာဏ်ကောင်းတဲ့ ကောင်ပါ ၊ ဥာဏ်နီ ဥာဏ်နက်လည်း များပါတယ် ။ ဒါပေမယ့် ဒါက ကိစ္စ မရှိ ပါဘူး ၊ ခင်ဗျားတို့ သူ့ကို ချစ်နိုင်ပါတယ် ။ သူက ကမ္ဘာပေါ်မှာ လူချစ် လူခင် အများဆုံး ဘောလုံး သမား တစ်ယောက်ပါ ။ သူ့ကို မုန်းလို့ ရကြမှာ မဟုတ်ပါဘူး”
“အန်ဂိုလို က ရိုးရိုး ကျုံ့ကျုံ့ နေတတ်သူပါ ၊ ကြင်နာတတ်ပြီး ပရော်ဖက်ရှင်နယ်ကျ ပါတယ် ။ အလုပ်ကို ကြိုးစား လုပ်ပြီး ဘယ်တုန်းကမှ စောဒက မတက်တက် ပါဘူး” လို့ ပေါ့ဘာ က ပြောဆို သွားခဲ့ပါတယ် ။ ဆက်လက်ပြီး ကန်တီ ရဲ့ ဘောလုံး အရည် အသွေး အကြောင်းကို မေးမြန်း ရာမှာတော့ သူ့ရဲ့ အသင်းဖော် အကြောင်းကို ပေါ့ဘာက ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။
“သူ့မှာ အရာအားလုံး ရှိပါတယ် ၊ နည်းစနစ်ပိုင်းရော ဘောလုံး အပေးအပို့ပိုင်းရော ကောင်းပါတယ် ။ ကွင်းထဲ မှာလည်း နေရာတိုင်းမှာ သူရှိ နေပါတယ် ။ သူ့ကို မြင်ကွင်းထဲမှာ မတွေ့ရ ပေမယ့် ရုတ်တရက် ဆိုသလို သူက ရောက်လာပြီး ဘောလုံးကို ၀င်လု သွားတတ်ပါတယ်”
“ဒီလို ကစားသမား မျိုးကိုယ့် ဘေးနားမှာ ရှိနေမယ် ဆိုရင် ဘာကို တောင်းဆို နေဦးမှာလဲ ?” လို့ ပေါ့ဘာ က ပြောဆို သွားခဲ့ ပါတယ် ။ သူတို့ ၂ ဦးဟာ လာမယ့် ယူရို ၂၀၂၀ မှာလည်း ပြင်သစ် အသင်းရဲ့ အမာခံ ကွင်းလယ်လူတွေ အဖြစ် လက်တွဲ ယှဉ်ပြိုင် ကြရ ဦးမှာ ဖြစ် ပါတယ် ။