ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ဆွီဒင်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီး၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ၎င်း၏အေးဂျင့်ဖြစ်သူ အလက်ဆန်ဒရိုလက်ချီနှင့် လာမည့်ရက်သတ္တပတ်အတွင်းတွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။
နည်းပြအယ်လီဂရီ၏လက်အောက်တွင် ဂျူဗင်တပ်စ်အသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်နေရသော ကူလူဆက်ဗ်စကီး (၂၁ နှစ်)အားခေါ်ယူရန်အတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းက စောင့်ကြည့်နေပြီး မကြာမီတရားဝင် ကမ်းလှမ်းမှုများပြုလုပ်သွားဖွယ်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ကူလူဆက်ဗ်စကီး၏ အနာဂတ်အတွက် ဆွေးနွေးသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေအရ လာမည့်ဇန်နဝါရီတွင် ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ကူလူဆက်ဗ်စကီးအတွက် ယူရို (၃၅)သန်းခန့်အလိုရှိနေသည်။