မန်ယူအသင်း၏ ဂိုးသမား ဟန်ဒါဆန်သည် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ယခုအချိန်အထိ ပျောက်ကင်းခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ဟန်ဒါဆန်သည် စကော့တလန်တွင် စခန်းဝင်လေ့ကျင့်မည့် မန်ယူအသင်းနှင့်အတူ လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရသည်။
မန်ယူအသင်းက ”ဒင်းန်ဟန်ဒါဆန်ဟာ မန်ယူအသင်းရဲ့ စကော့တလန်စခန်းသွင်းလေ့ကျင့်မှုကို လွဲချော်ရမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုက သက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့်ပါ”ဟု တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟန်ဒါဆန်သည် ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် လွဲချော်စေခဲ့သည့် တင်ပါးဒဏ်ရာမှာမူ ပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး လာမည့်ရာသီ၌ နံပါတ် (၁)ဂိုးသမားအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။