စပိန်လက်ရွေးစင်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားများနေရာတွင် အစားထိုးနိုင်ရန် အရန်ကစားသမားများကို ထပ်မံခေါ်ယူခဲ့ကြောင်း သိရသည်။
ယူရိုပြိုင်ပွဲ နီးကပ်လာချိန်၌ အသင်းခေါင်းဆောင် ဘူးစကွက်စ် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့်အတွက် စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ကစားသမား(၄)ဦးကို ထပ်မံခေါ်ယူ၍ လေ့ကျင့်ပြင်ဆင်စေခဲ့ကြောင်း သိရသည်။
လူးဝစ်အင်းနရစ် ခေါ်ယူခဲ့သည့် ကစားသမားများမှာ လိဒ်စ်တိုက်စစ်မှူး ရိုဒရီဂို၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဖော်နယ်လ်၊ ဗလင်စီယာကွင်းလယ် လူ ကားလို့စ်ဆိုလာနှင့် ဆယ်လ်တာဗီဂိုကွင်းလယ်လူ ဘရာယစ်မန်ဒက်ဇ်တို့ဖြစ်သည်။
ယင်းကစားသမားများသည် ယူရို ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့်ကစားသမားများနှင့် မရောထွေးဘဲ သီးခြားလေ့ကျင့်ရမည်ဟု သိရသည်။