spot_img

ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ပထမအကျော့)၊ ဂျာမန်ဖလား(ကွာတားဖိုင်နယ်)၊ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် – အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တဲ့(၂)သင်း ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဂျူဗင်တပ်စ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်ရှုံးကြွေးကို ပြန်ဆပ်ရဖို့ရှိနေတယ်။ ၂၀၂၁-၂၂ ရာသီမှာ အင်တာမီလန်က ဂျူဗင်တပ်စ်ထက် အပြတ်အသတ်သာကာ ထိပ် တိုက်တွေ့ဆုံမှု (၄)ပွဲမှာ (၃)ပွဲအနိုင်ကစားခဲ့တဲ့အပြင် ရှုံးပွဲမရှိခဲ့ဘူး။ ဒီရာသီမှာတော့ အခြေအနေက အတော်လေးပြောင်းလဲသွားတယ်။ ဂျူဗင်တပ်စ်အသင်းက စီးရီးအေနှစ်ကျော့စလုံးကို Clean Sheet ရလဒ်တွေနဲ့ အနိုင်ယူထားခဲ့ကာ အခုပွဲအတွက် ယုံကြည်မှုပိုမြင့်နေတယ်။ ပြိုင်ပွဲစုံ နိုင်ပွဲဆက်နေပြီး ဖလား(၂)လုံး မျှော်လင့်ချက်အပြင် စီးရီးအေပြိုင်ပွဲလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ပြန်မျှော်လင့်လာနိုင်တယ်။ အင်တာအသင်းကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ လက်ချီတစ်သင်းတည်းကိုပဲ အနိုင် ရတော့တဲ့အထိ ရလဒ်တွေ ကျဆင်းနေတယ်။ ပိုဆိုးတာက နိုင်ပွဲပျောက်တဲ့(၅)ပွဲမှာ Open Play ကနေ ဂိုးလုံးဝမသွင်းနိုင်ခဲ့ဘူး။  ဂျူဗင်တပ်စ်ပဲ နိုင်ပွဲဆက်ဖို့များတယ်။

myan789

 ဖရန့်ဖတ် – အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် ည ၁ဝး၃၀ နာရီ)

ဖရန့်ဖတ်အသင်းက ပြိုင်ပွဲစုံ(၇)ပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ အိမ်ကွင်းမှာလည်း (၄)ပွဲဆက်တိုက် နိုင်ပွဲမရခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံး(၂)ရာသီ ဘွန်ဒစ်လီဂါတွေ့ဆုံမှုတွေမှာတော့ ဒီ (၂)သင်းက သူ့ကွင်းကိုယ့်ကွင်း အနိုင်ယူခဲ့တာ တွေ့ရတယ်။  အူန်ယွန်းဘာလင်အဖို့ ဘွန်ဒစ်လီဂါဘက်က ပိုအရေးကြီးနေလို့ ဖရန့်ဖတ်ပဲကြိုက်တယ်။

ဘိုင်ယန်မြူးနစ် – ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၁၅ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက နည်းပြသစ် တူဟယ်လ်ရဲ့ပွဲဦးထွက်မှာ ချန်ပီယံလုဘက် ဒေါ့မွန်အသင်းကို အနိုင်ယူခဲ့ပြီး တာထွက်ကောင်းခဲ့တယ်။ တူဟယ်လ်အနေနဲ့ လက်ရှိအချိန်မှာ ဖလား(၃)လုံးအိပ်မက်မက်နေနိုင်တာကြောင့် တစ်ပွဲချင်းစီတိုင်းကို ဖိဖိစီးစီးကစားမှာ သေချာသလောက်ပါပဲ။ ဖရိုင်းဘတ်အသင်းကလည်း ပြိုင်ပွဲစုံ နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်က ထွက်ထားရတဲ့အပြင် ဘွန်ဒစ်လီဂါမှာလည်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးအတွက် ဖိအားရှိလာခဲ့တယ်။ နည်းပြအပြောင်းအလဲကြောင့် ယုံကြည်မှုမြင့်နေနိုင်တဲ့ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။

 ဘီလ်ဘာအို – အိုဆာဆူနာ (မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် နံနက် ၁း၃၀ နာရီ)

လာလီဂါအမှတ်ပေးဇယားမှာ အဆင့်မကွာတဲ့အသင်းတွေဖြစ်သလို၊ လတ်တလောမှာ ရလဒ်တွေ ကျဆင်းနေတာလည်း တူညီနေကြတယ်။ အိမ်ကွင်းမာကျောမှု အစဉ်အလာကြီးတဲ့ ဘီလ်ဘာအိုက အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့တယ်ဆိုပေမဲ့ ရီးယဲလ်၊ ဘာစီလိုနာအသင်းတွေနဲ့ တွေ့ဆုံခဲ့တာကို ထည့်တွက်ရမယ်။ အိုဆာဆူနာကတော့ နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရာမှာ သွင်းဂိုးပါမရှိတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဘုရင့်ဖလားမှာ


More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular