အင်တာမီလန် – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက် နံနက် ၂း၁၅ နာရီ)
မကြာသေးမီကတွေ့ဆုံခဲ့တဲ့ စီးရီးအေပွဲမှာ အင်တာမီလန်က ဂိုးပြတ်အနိုင်ကစားထားခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်က အဲဒီပွဲပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၄)ပွဲဆက် Clean Sheet ရလဒ်တွေနဲ့ အနိုင်ယူထားပါတယ်။ စီရော်နယ်လ်ဒို ဂိုးပေါက်ပျောက်နေတာ (၃)ပွဲဆက်ရှိလာပေမဲ့ တစ်ဖက်ကပြန်ကြည့်ရင် ကျန်အသင်းဖော်တွေ ဂိုးသွင်းခြေမြင့်မားလာတာက စိတ်ကျေနပ်စရာပါပဲ။ အင်တာမီလန်ကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းငြိမ်ပြီး Rhythm ပြန်မှန်လာတာ သတိပြုရမယ်။ မီလန်မြေဖြစ်ပေမဲ့ ဂျူဗင်တပ်စ် ရှုံးဖို့တော့မရှိပါဘူး။
အယ်မယ်ရီယာ – ဆီဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၃ ရက် နံနက် ၂း၃၀ နာရီ)
အတွေ့အကြုံ၊ စုဖွဲ့မှုနဲ့ ခြေစွမ်းမှာ ဆီဗီလာအသာရနေပေမဲ့ ဆီဂန်ဒါကလပ် အယ်မယ်ရီယာရဲ့ တုံ့ပြန်နိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။ အိမ်ကွင်းလည်းဖြစ်လို့ အယ်မယ်ရီယာတို့ အချိန်ပို၊ ပယ်နယ်တီအထိ ဆွဲခေါ်သွားနိုင်တယ်။