spot_img

ကိုပါအီတာလီယာဖလားပြိုင်ပွဲ၌ အချင်းများခဲ့သည့် လူကာကူနှင့် အီဘရာဟီမိုဗစ် နှစ်ဦးစလုံး ယင်းပြိုင်ပွဲတွင် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

မီလန်ဒါဘီနှစ်သင်းတွေ့ဆုံသည့် ကိုပါအီတာလီယာဖလားပြိုင်ပွဲ၌ အချင်းများခဲ့သည့် အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူနှင့် အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့နှစ်ဦးစလုံး ယင်းပြိုင်ပွဲ၌ တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အင်တာမီလန်နှင့် အေစီမီလန်အသင်းသည် ကိုပါအီတာလီယာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဖြစ် ပြီးခဲ့သည့်အင်္ဂါနေ့က ယှဉ်ပြိုင်ကစားရာ အင်တာမီလန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တက် ရောက်ခွင့်ရခဲ့သည်။ လူကာကူနှင့် အီဘရာဟီမိုဗစ်သည် ပထမပိုင်းမပြီးခင် ၄၅ မိနစ်တွင် အချင်းများခဲ့သောကြောင့် နှစ်ဦးစလုံး အဝါ ကတ်ပြခံခဲ့ရပြီး အီဘရာဟီမိုဗစ်မှာ ဒုတိယပိုင်း ၅၈ မိနစ်တွင် ဒုတိယအဝါကတ်ပြခံရသောကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

myan789

သို့ဖြစ်ရာ အီဘရာဟီမိုဗစ်အနေဖြင့် အနီကတ်ပြစ်ဒဏ်ကြောင့် လာမည့် ၂၀၂၁-၂၀၂၂ ရာသီ ကိုပါအီတာလီယာဖလားပြိုင်ပွဲ၌ ပထမဆုံးကစားရမည့်ပွဲကို လွဲချော်မည်ဖြစ်သလို လူကာကူမှာလည်း ယခုပြိုင်ပွဲတွင် ဒုတိယမြောက် အဝါကတ်ပြသခံရသဖြင့် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက အတည်ပြုထုတ်ပြန်ခဲ့သည်။ ထို့ပြင် နှစ်ပွဲဆက်တိုက် အဝါကတ် ပြသခံခဲ့ရသည့် အင်တာမီလန်အသင်း ညာ နောက်ခံလူ ဟာကီမီမှာလည်း တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

အင်တာမီလန်အသင်းသည် ဆီမီဖိုင်နယ်တွင် ဂျူဗင်တပ်စ်အသင်းနှင့် တွေ့ဆုံနေပြီး ဖေဖော်ဝါရီ ၂ ရက်တွင် အိမ်ကွင်း၊ ၉ ရက် တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular