ကိုပင်ဟေဂင် ပွဲနဲ့ ပတ်သက်ပြီး ဘယ်ဂိုးသမားကို ရွေးမလဲဆိုတာ ဖြေရခက်ခဲ့တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား ဟာ ကိုပင် ဟေဂင် အသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် အတွက် သတင်းစာ ရှင်းလင်း ပွဲကို ယမန်နေ့ နေ့လည် ပိုင်းက ကိုလုံးမြို့မှာ ပြုလုပ် သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ယမန်နေ့ နံနက်ပိုင်း က ကိုလုံး မြို့ကို မန်ချက် စတာ လေဆိပ် ကနေ ထွက်ခွာ လာခဲ့ပြီး ယနေ့ည ( မနက်ဖြန် နံနက် ) မှာတော့ ကိုပင် ဟေဂင် အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားမှာ ပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ၁၆ သင်း အဆင့် မှာ သြစတြီးယား ကလပ် LASK အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၆-၁ နဲ့ အနိုင် ရပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် လာခဲ့တာ ဖြစ်ပါတယ် ။ ကွာတား ကနေ နောက်ထပ် အဆင့်တွေ ကိုတော့ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင် တော့မှာ မဟုတ်ဘဲ တစ်ကျော့တည်းသာ ကစားသွား တော့မှာ ဖြစ်ပါတယ် ။

myan789

ယူနိုက်တက် ဟာ သမိုင်း တစ်လျောက် ဒိန်းမတ် ကလပ် ကိုပင်ဟေဂင် နဲ့ ၂ ကြိမ်သာ ဆုံတွေ့ ထားခဲ့ ဖူးပြီး အိမ်ကွင်းမှာ အနိုင် ရခဲ့ကာ အဝေးကွင်း ပွဲစဉ် မှာတော့ ရှုံးနိမ့် ထားခဲ့ ပါတယ် ။ ကိုပင် ဟေဂင် ကတော့ အင်္ဂလိပ် ကလပ်တွေ နဲ့ နောက်ဆုံး ၄ ကြိမ် ဆုံတွေ့ ထားမှုမှာ ဂိုးလုံး၀ သွင်းယူ နိုင်ခြင်း မရှိခဲ့ ပါဘူး ။

ဆိုးရှား ကတော့ ကိုပင်ဟေဂင် ကို ဒီလို အဆင့်မျိုးမှာ ဆုံတွေ့ ရတဲ့အတွက် အံ့သြမှု မရှိပါဘူး လို့ ဆိုခဲ့ သလို ပြိုင်ဘက် အသင်း နည်းပြ စတေးလ် အပေါ် လည်း ချီးကျုးစကား ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ယခု ပွဲ မှာ ဘယ်သူတွေ ပါဝင် နိုင်မလဲ ဆိုတာကို လည်း အရိပ်မြွက် ပြောဆို သွားခဲ့ ပါတယ် ။

“ကိုပင် ဟေဂင် ကို ဒီအဆင့်မှာ တွေ့ရလို့ ကျွန်တော် မအံ့သြမိ ပါဘူး ။ စတေးလ် ဟာ အသင်းကို ဘယ်လို တည်ဆောက် ခဲ့တယ် ဆိုတာ ၊ သူတို့ ဘယ်လို အသင်း ဖြစ်တယ် ဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ မိုဒီ အသင်းမှာ တုန်းက သူတို့ နဲ့ ကျွန်တော် ယှဉ်ကစား ခဲ့ဖူးလို့ပါ”

“ကိုပင်ဟေဂင် ဟာ ဥရောပ မှာ သမိုင်းကြောင်း ရှိတဲ့ အသင်း တစ်သင်း ပါပဲ ။ သူတို့ မှာ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းသူတွေ ရှိသလို ရှေ့တန်း က လူငယ် ၃ ယောက် ကလည်း စိတ်ဝင်စား စရာပါပဲ ။ အသင်းလိုက် ကစားအား ကတော့ သူတို့ရဲ့ အကောင်းဆုံး ခွန်အားပါ” လို့ ဆိုးရှားက ဆိုသွားခဲ့ ပါတယ် ။

ဂိုး သမား နေရာ အတွက် ဒီဂီယာ နဲ့ ရိုမဲရိုး ဘယ်သူ့ကို နေရာ ပေးဖို့ စိတ်ကူး ထားသလဲ ဆိုတဲ့ မေးခွန်း ကိုတော့ “ဒါက သိသာလွန်းတဲ့ မေးခွန်း တစ်ခုပါ ။ ဂိုးသမား နဲ့ ပတ်သက် လာရင် ကျွန်တော်က ကမ္ဘာပေါ် မှာ ကံအကောင်းဆုံး နည်းပြတွေထဲ မှာ ပါတယ်လို့ ခံစားမိ ပါတယ် ။ ရိုမဲရိုး ၊ ဒီဂီယာ တို့အပြင် ဒီယန်း ဟန်ဒါဆင် ကလည်း လက်စွမ်းပြနေ လို့ပါ ။ ဘယ်သူ့ကို ဒီပွဲ အတွက် ရွေးမယ် ဆိုတာ ကတော့ စောင့်ကြည့် ကြတာပေါ့ ၊ ခက်ခဲတဲ့ ရွေးချယ်မှုပါ ၊ ဒါပေမယ့် ဒါက ကောင်းတဲ့ ခက်ခဲမှု ပါပဲ” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဒဏ်ရာ ရ ကစား သမား ၃ ဦး ဖြစ်တဲ့ ဖီးလ်ဂျုံးစ် ၊ အက်ဆယ် တူအမ်ဇီဘီ နဲ့ လုခ်ရှော တို့ ကို ချန်လှပ် ထားခဲ့ပြီး ဆိုးရှား ကလည်း သူတို့ ၃ ဦးသာ ဒဏ်ရာ ရှိနေ ကြောင်း အတည်ပြု သွားခဲ့ ပါတယ် ။ ဒါကြောင့် ဆိုးရှား ဟာ လူငယ် ကစား သမားတွေ ဖြစ်တဲ့ အီသန် ဂယ်ဘရတ် ၊ တီဒန် မန်ဂီ နဲ့ အီသန် လာဒ့် တို့ကို ဂျာမဏီ ခရီးစဉ်မှာ ခေါ်ဆောင် လာခဲ့ ပါတယ် ။

ယူနိုက်တက် ဘယ်နောက်ခံလူ ဘရန်ဒွန် ဝီလ်ယံ ဟာ နည်းပြ ဆိုးရှား နဲ့ အတူ သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက် လာခဲ့တာကြောင့် ယခု လာမယ့် ပွဲစဉ် မှာ ပါဝင် ဖို့ ကျိန်းသေ သလောက် ရှိခဲ့ပြီလို့ လည်း သတင်းတွေ က ဖော်ပြ ထားခဲ့ ကြပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular