မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာက သူ့ရဲ့ အတွေ့အကြုံ တွေနဲ့ အတူ အသင်းကို ကူညီ ပေးနေ ခဲ့တဲ့ အသက် 33 နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ အကြောင်းကို အထူး ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နွေတုန်းက အသင်းရဲ့ တိုက်စစ်ကို အင်အား ဖြည့်တင်း လိုခဲ့တဲ့ အတွက် PSG နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ဖြစ်ခဲ့ ပါတယ် ။
အဆိုပါ အချိန် တုန်းက ကာဗာနီဟာ ထိုက်သင့်သလောက် ကောင်းမလား ၊ တစ်ပါတ် ပေါင် 2 သိန်း ဆိုတဲ့ လစာငွေနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းသံတွေ ကျယ်လောင်ခဲ့ပါ သေးတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ကာဗာနီဟာ ယူနိုက်တက် အတွက် မျှော်လင့်တာထက် ပိုပြီး ကောင်းပြ နိုင်ခဲ့ ပါတယ် ။
နွေအပြောင်းအရွှေ့ နောက်ဆုံးရက်က ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့ အသက် 33 နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးဟာ အသင်း အတွက် ပရီးမီးယားလိဂ် ပွဲစဉ် 13 ပွဲ (537 မိနစ်) ကစားခဲ့ရာမှာ ကိုယ်တိုင် 4 ဂိုး သွင်းယူကာ အသင်းဖော်တွေ အတွက် 2 ဂိုး ဖန်တီး ထားနိုင်ခဲ့ ပါတယ် ။
ဒါ့အပြင် သူဟာ ကွင်းထဲမှာ တချိန်လုံး မနားတမ်း လှုပ်ရှားကစားပေး ၊ ခေါင်းဆောင် နိုင်မှု စွမ်းရည် တွေကိုပါ ပြသ ထားနိုင် ခဲ့ပြီး လက်ရှိ အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမားတွေ အတွက် စံပြ တိုက်စစ် ကစားသမား တစ်ဦးလည်း ဖြစ်လာ နိုင်ခဲ့ ပါတယ် ။
အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာက ဝါရင့် တိုက်စစ်မှူး ဖြစ်တဲ့ ကာဗာနီဟာ အသင်းဆီ အတွေ့အကြုံကောင်းတွေ သယ်ဆောင် လာနိုင်ခဲ့ သလို အသက် 33 နှစ် အရွယ်မှာ အလုပ်တွေ အရမ်းကြိုးစားရင်း လူငယ်တွေ အတွက် စံပြ ဖြစ်နိုင်ခဲ့ကြောင်း ချီးမွမ်းခဲ့လိုက် ပါတယ် ။
” အတွေ့အကြုံ ၊ သူဟာ အသင်းဆီ အတွေ့အကြုံကောင်းတွေ သယ်ဆောင် လာနိုင်ခဲ့ ပါတယ် ။ ကွင်းထဲ အခုလောက် ကစား နိုင်တာက သူ အလုပ် ဘယ်လောက် ကြိုးစားသလဲ ဆိုတာကို ပေါ်လွင် စေပါတယ် ။ အသက် 33 နှစ် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး တစ်ယောက်ဟာ နိုင်ပွဲတွေအတွက် ကောင်းကောင်း ကစား နေဆဲ ပါပဲ ”
” အီဒင်ဆန်ဟာ ထိပ်တန်း အဆင့် အရည်အသွေးတွေ ရှိတဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ လူငယ်တွေ အတွက် လေ့လာ ကြည့်ရှု ပညာသင်ယူဖို့ ကောင်းလွန်းတဲ့ ကစားသမား တစ်ယောက်ပါပဲ ။ သူ့လို ကစားသမား ဘဝအတွင်း အများကြီး လုပ်ပြ နိုင်ခဲ့သူ တစ်ဦး ၊ အလုပ် ကြိုးစားသူ တစ်ဦးကို မြင်ရတာ ကောင်းလှ ပါတယ် ”
” သူဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ စွမ်းအင် ၊ အလုပ်တွေ ကြိုးစား စေလိုတဲ့ စိတ်ဓါတ် ၊ အတွေ့အကြုံကောင်း တွေကို မျှဝေပေး ပါတယ် ။ သူ့ကို အသင်းမှာ ပိုင်ဆိုင်ရတာ ခမ်းနားလှ ပါတယ် ။ လူကြီး ကနေ လူငယ်မရွေး ၊ လူတိုင်းက သူ့ဆီကနေ လေ့လာ သင်ယူမှု လုပ်ဆောင် နေကြ ပါတယ် ”
” သူဟာ စပိန် စကားကိုသာ ပြောဆိုတာ ကျွမ်းကျင်ပေမယ့် ကျွန်တော် သူ့ကို မြင်တွေ့ လိုက်ရတာ နဲ့ အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ စွမ်းအင် တွေကို ခံစားရ ပါတယ် ” လို့ ပေါ့ဂ်ဘာ က အသင်းဖော် တိုက်စစ်မှူး ရဲ့ အရေးပါပုံ တွေကိူ အမွှမ်းတင် ပြောကြား သွားခဲ့လိုက် ပါတယ် ။