spot_img

ကလပ်နှင့် ပရိသတ်များကို လိမ်စားမနေဘဲ ဘောလုံးကိုမချစ်တော့လျှင် ကစားသမားဘဝမှ အနားယူရန် အယ်လီအား စတန်ကော်လီမိုး တိုက်တွန်း

လီဗာပူးလ်ကစားသမားဟောင်း စတန်ကော်လီမိုးက အဲဗာတန်ကွင်းလယ်လူ အယ်လီအား ကလပ်အသင်းနှင့် ပရိသတ်များကို လိမ်စားမနေဘဲ ဘောလုံးကိုချစ်မြတ်နိုးခြင်းမရှိတော့လျှင် ကစားသမားဘဝမှ အနားယူသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အယ်လီသည် ပြီးခဲ့သည့် (၃)နှစ်ကျော်က ထိပ်တန်းခြေစွမ်းပြနိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အဲဗာတန်အသင်း၌ ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။

myan789

ထို့ကြောင့် ဗြိတိန်သတင်းစာ Mirror ၏ Columnist ဖြစ်သူ စတန်ကော်လီမိုးက အယ်လီအနေဖြင့် အနာဂတ်နှင့်ပတ်သက်ပြီး လေးနက်စွာ စဉ်းစားသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စတန်ကော်လီမိုးက “အယ်လီအနေနဲ့ လေးနက်တဲ့ မေးခွန်းတချို့ကို ကိုယ်တိုင်ဖြေဖို့လိုပါတယ်။ တကယ်လို့ သူ့အနေနဲ့ ဘောလုံးကစားရတာ မပျော်တော့ဘူးဆိုရင် ကလပ်၊ နည်းပြနဲ့ အသင်းပရိသတ်တွေကို ဆက်လိမ်နေဖို့ မသင့်ပါဘူး။ သူ့အနေနဲ့ ငါ ပရိုအဖြစ် ဆက်ကစားဦးမလားဆိုတဲ့ မေးခွန်းကို မေးရမှာဖြစ်ပြီး မလုပ်ချင်ဘူးဆိုရင်တော့ နားလိုက်တာအကောင်းဆုံးပါပဲ” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular