spot_img

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်အသင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ရရှိခဲ့သော်လည်း ဘာပေနှင့် ပြဿနာမရှိဘဲ ဆက်ဆံရေးအဆင်ပြေကြောင်း မက်ဆီ ပြောကြား

PSG အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် PSG အသင်းဖော် ဘာပေ၏ ပြင်သစ်အသင်းကို အနိုင်ယူကာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့သော်လည်း ဘာပေ နှင့် ပြဿနာမရှိဘဲ ဆက်ဆံရေးအဆင်ပြေ ကြောင်း ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၁၈ ရက်က ကာတာနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနား အသင်းသည် ပြင်သစ်အသင်း (မိနစ် ၉၀ အ တွင်း ၂-၂၊ အချိန်ပို ၃-၃) ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဘာပေ သည် အဆိုပါဗိုလ်လုပွဲတွင် ဟက်ထရစ် (သုံးဂိုး) သွင်းယူနိုင်ခဲ့သလို ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် လွဲချော်ခြင်းကြောင့် အသည်းကွဲစရာဖြစ်ခဲ့သည်။ 

myan789

ထို့ ပြင် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် အောင်ပွဲခံရာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်သည် ဘာပေကို လှောင်ပြောင်မှုများပြုလုပ်ခဲ့ရာ PSG အသင်း တွင် အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီနှင့် ပြင်သစ်တိုက်စစ်မှူး ဘာပေတို့၏ ဆက်ဆံရေးမှာ ပြိုကွဲဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။ 

သို့သော် အာဂျင်တီးနားသတင်းစာ Ole နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်းနှင့် ဘာပေတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်ကြောင်း မက်ဆီက ပြောကြားခဲ့ခြင်းဖြစ်သည်။ မက်ဆီက “ဘာပေနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအကြောင်း၊ အာဂျင်တီးနားက လူတွေ အောင်ပွဲခံကြတဲ့အကြောင်း၊ အားလပ်ရက် အပန်းဖြေတဲ့အကြောင်းတွေ ပြောဖြစ်ပါတယ်။ ဒါပါပဲ။ ဒီထက်မပိုပါဘူး။ သူနဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ 

သို့သော် မက်ဆီက မိမိအနေဖြင့် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့၍ နာကျင်ခဲ့ရသဖြင့် ဘာပေအပေါ် စာနာမိကြောင်း၊ ယင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားအကြောင်းကို ဘာပေနှင့် ပြောဆိုလိုခြင်းမရှိကြောင်းလည်း ပြောကြားခဲ့သည်။

မက်ဆီက “ကျွန်တော်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကဆိုရင် ကမ္ဘာ့ဖလားအကြောင်း မကြားချင်သလို သိလည်း မသိချင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အခု ဘာပေနဲ့ ကမ္ဘာ့ဖလားအကြောင်းကို ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ အမှန်တရားကတော့ ကျွန်တော်နဲ့ ကီလီယန် (ဘာပေ) တို့အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ဆက်ဆံရေးက လူတွေ ထင်မြင်ယူဆနေကြတာတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ”ဟု ပြောကြားခဲ့သည်။ 

မက်ဆီနှင့် ဘာပေတို့သည် ယခုရာသီတွင် PSG အသင်းတွင် ခြေစွမ်းပြကစားနေကြသည်။ ယခုရာသီတွင် PSG အသင်းအတွက် မက်ဆီက ပြိုင်ပွဲစုံ ၁၅ ဂိုးသွင်းထားပြီး ဘာပေက ၂၅ ဂိုး သွင်းယူထားသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular