spot_img

ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ (၁၀)ကြိမ်နှင့်အထက်တက်သည့် ဒုတိယမြောက်အသင်းအဖြစ် အီတလီ မှတ်တမ်းဝင်

ယူရို-၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် စပိန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည့် အီတလီအသင်းသည် ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲ နှစ်ရပ်ပေါင်းတွင် ဗိုလ်လုပွဲသို့ (၁၀) ကြိမ်နှင့်အထက် တက်ရောက်နိုင်သည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

အီတလီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲ (၆)ကြိမ်အထိ တက်ရောက်ထားခဲ့ပြီး ယူရိုပြိုင်ပွဲတွင် ယခုအကြိမ်မှာ (၄)ကြိမ်မြောက် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

myan789

အီတလီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ (၆)ကြိမ် တက်ရောက်ရာတွင် (၄)ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့သော်လည်း ယူရိုပြိုင်ပွဲတွင် ယခင်ဗိုလ်လုပွဲ (၃)ကြိမ် တက်ရောက်ခဲ့ရာ (၁)ကြိမ်သာ ဗိုလ်စွဲဖူးသည်။

ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲ နှစ်ရပ်ပေါင်းတွင် ဗိုလ်လုပွဲသို့ အကြိမ်အများဆုံးတက်ရောက်ထားသည့်အသင်းမှာ ဂျာမနီအသင်းဖြစ်ပြီး (၁၄)ကြိမ်အထိ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီတလီအသင်းသည် စပိန်အသင်းနှင့်ပွဲတွင် (၁)ဂိုးသွင်းယူပြီးနောက် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် သွင်းဂိုး (၁၂)ဂိုးအထိရှိလာခဲ့ပြီး ယင်းမှာ မေဂျာပြိုင်ပွဲ(ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲ)တစ်ခုတည်းတွင် သွင်းဂိုးအများဆုံးဖြစ်ခဲ့သည့်စံချိန်ကို လိုက်မီခဲ့သည်။

အီတလီအသင်းသည် ၁၉၈၂ ကမ္ဘာ့ဖလားနှင့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် (၁၂)ဂိုးစီ သွင်းယူခဲ့ပြီး ယင်းမှာ ပြိုင်ပွဲတစ်ခုတည်းတွင် သွင်းဂိုးအများဆုံးစံချိန်ဖြစ်ခဲ့ကာ ယခုအခါ တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း လိုက်မီသွားခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular