spot_img

ကမ္ဘာကျော် ဇာတ်ကား တစ်ခုရဲ့နောက် ဗြိတိန်ရဲ့ လူကြည့်အများဆုံး စံချိန်ပွဲ ဖြစ်သွားခဲ့တဲ့ အင်္ဂလန် ဒါဘီ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် 19 တုန်းက အန်ဖီးလ် ကွင်းထဲမှာ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ် အသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ ကြတဲ့ အင်္ဂလန် ဒါဘီ ပွဲစဉ်ဟာ ဗြိတိန်ရဲ့ လူကြည့် အများဆုံး ပွဲစဉ် ဖြစ်သွားခဲ့တယ် လို့ သိလိုက်ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်လေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျန်ကို ပေါ့ဂ်ဘာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင် ရရှိအောင် ကစားနိုင်ခဲ့ပြီး ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ကျော်ဖြတ်ကာ အမှတ်ပေး ဇယားကို ဦးဆောင် သွားနိုင်ခဲ့ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွင်း သုံးပွဲ ဆက်တိုက် နိုင်ပွဲတွေ ပျောက်ဆုံး နေခဲ့တဲ့ အတွက် ဒီလို အရေးကြီး ပွဲစဉ်မှာ ပြန်လာ နိုင်မလား ၊ ယူနိုက်တက်ကို အနိုင်ယူပြီး အမှတ်ပေး ဇယားကို ပြန်လည် ဦးဆောင် ပြလိုက် မလား ဆိုတာ စိတ်ဝင်စား စရာ ဖြစ်ခဲ့ ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ကလည်း အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 11 ပွဲဆက် ရှုံးပွဲ မရှိခဲ့ သေးတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင် ထားခဲ့တဲ့ အချိန်မှာ လီဗာပူး အသင်းကို အန်ဖီးလ် ကွင်းထဲ သွားရောက် ရင်ဆိုင် ယှဉ်ပြိုင် ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက် မှာတော့ လီဗာပူး အသင်း ကလည်း 2017 ခုနှစ် ဧပြီလ ကတည်းက အန်ဖီးလ် ကွင်းထဲ ကစား ခဲ့တဲ့ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိအောင် ကစားပြ ထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် အခုလို ပွဲစဉ်မှာ ဘယ်အသင်းက မှတ်တမ်းကောင်း ရပ်တန့် သွားမလဲ ဆိုတာပါ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့အပြင် နှစ်ဖက် အသင်းက တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင် ထားခဲ့ပြီး ခံစစ် ယိုင်နဲ့ နေတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင် ထားခဲ့ ကြတဲ့ အတွက် သွင်းဂိုးလည်း မြိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံ ထားခဲ့ရ ပါတယ် ။ ဒါပေမယ့် လက်တွေ့မှာ ပရိသတ်တွေ ထင်ထားခဲ့တာနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားခဲ့ ပါတယ် ။

ဒီပွဲမှာ လီဗာပူးရော မန်ချက်စတာ ယူနိုက်တက် အသင်းပါ တိုက်စစ်ထက် ခံစစ် စွမ်းဆောင်ရည်ကောင်းတွေကို ကိုယ်စီ ပြသ သွားနိုင်ခဲ့ ကြပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်ကိုသာ ဖော်ဆောင် သွားနိုင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ပွဲစဉ် မတိုင်မီက မျှော်လင့်ချက် များစွာ ထားရှိ ကြတဲ့ ပရိသတ် တွေကြောင့် ဒီပွဲဟာ လူကြည့် အများဆုံး ပွဲ အဖြစ် စံချိန် တစ်ခု ပိုင်ဆိုင်ခဲ့ ပါတယ် ။

Sky Sports ရဲ့ ဖော်ပြချက် အရတော့ ဗြိတိန်မြေမှာ ဒီပွဲစဉ်ကို စတင် ကြည့်ရှုခဲ့သူ ပရိသတ်ဟာ 4.5 သန်း အထိ ရှိခဲ့တယ်လို့ သိလိုက် ရပြီး ပွဲစဉ် ပြီးဆုံးခါနီး 5 မိနစ်လောက် မှာတော့ စုစုပေါင်း 4.8 သန်း အထိ ပွဲကြည့်သူ ပရိသတ် တိုးလာ ခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။

အဲ့ဒီနောက် မကြာမီ မှာပဲ Sky Sports က ကမ္ဘာကျော် ဇာတ်ကားကြီး ဖြစ်တဲ့ Game of Thrones ပြီးရင် ဒီတစ်ပါတ် အန်ဖီးလ် ကွင်းမှာ ကစားသွား ခဲ့တဲ့ အင်္ဂလန် ဒါဘီဟာ ဗြိတိန် မြေမှာ ဖန်သားပြင် ပေါ်က တစ်ဆင့် လူကြည့် အများဆုံး ဖြစ်ခဲ့ရကြောင်း အတည်ပြု ကြေငြာ သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် 2011 – 12 ဘောလုံး ရာသီ တုန်းက ယူနိုက်တက် နဲ့ မန်စီးတီးတို့ ကစားခဲ့ ကြတဲ့ မန်ချက်စတာ ဒါဘီဟာ ဖန်သားပြင် ပေါ်က တစ်ဆင့် လူကြည့် အများဆုံး စံချိန်ကို ပိုင်ဆိုင် ထားခဲ့ကြောင်း သိရှိ ခဲ့လိုက်ရ ပါတယ် ။ ဗင်ဆင့် ကွန်ကနီ ရဲ့ ခေါင်းတိုက် ဂိုးကြောင့် မန်စီးတီး တို့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ကြည့်ရှုသူ 4.3 သန်း အထိ ရှိခဲ့ကြ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular