လီဗာပူးအသင်းသည် အားဖြည့်ရန်လိုအပ်နေသော်လည်း ကစားသမားများကို မတန်တဆဈေးများပေး၍ ခေါ်ယူမည်မဟုတ်ကြောင်း ကလော့ပ်က ပြောဆိုလိုက်သည်။ ဘယ်လင်ဂမ်ကို ပေါင်သန်း ၁၃၀ ခန့် ဒေါ့မွန်က တန်ကြေးသတ်မှတ်ခဲ့ခြင်းကြောင့် ကလော့သည် ၎င်းကို ခေါ်ယူရေးကို လက်လျှော့ခဲ့သည်။
“မတန်တဆဈေးဆိုရင်တော့ ကျွန်တော်တို့က ကစားသမားတွေကို ဝယ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးအသင်းက လိုချင်တဲ့ကစားသမား အသင်းကိုတိုးတက်အောက်လုပ်ပေးနိုင်တဲ့ ကစားသမားကိုတော့ ခေါ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြောရမယ်ဆိုရင် ပထမဆုံး အားဖြည့်ရမယ့်နေရာကို စဉ်းစားပါတယ်။ အဲဒီနေရာကို အားဖြည့်ရေးမှာ ခေါ်ယူနိုင်မယ့် ကစားသမားက တစ်ဦးတည်းမက ရှိနေပါတယ်။ ဖေးဘရိတ်ကစားသမားရှိနိုင်ပါတယ်။ ဒါပေမယ့်တခြားအသင်းက မတန်တဆဈေးပေးပြီး ခေါ်ရင်တော့ ဒီကစားသမားကို လက်လွှတ်ရတော့မှာပေါ့”ဟု ကလော့ပ်က ပြောဆိုလိုက်သည်။