spot_img

ကစားကွက်မျိုးစုံ စမ်းသပ်နေဆဲဖြစ်ပြီး တိုက်စစ်ကစားသမားတစ်ဦး လိုအပ်နေသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပီယာလို ပြောကြား

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက မိမိတို့အနေဖြင့် ကစားကွက်မျိုးစုံကို စမ်းသပ်နေဆဲဖြစ်သည်ဟု ဝန်ခံခဲ့ပြီး တိုက်စစ်ကစားသမားတစ်ဦးကို မြန်နိုင်သမျှမြန်မြန် လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ရာသီကြိုပြင်ဆင်မှု နောက်ဆုံးပွဲအဖြစ် စီးရီးစီကလပ် နိုဗာရာအသင်းနှင့် ကစားခဲ့ပြီး (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

myan789

ယင်းပွဲအပြီးတွင် ပီယာလိုက ”ဒီရလဒ်ကို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားအားလုံး အတူတူလေ့ကျင့်ဖို့အတွက် အချိန်(၂)ရက်ပဲ ရခဲ့တာပါ။ သူတို့တွေ အစစ်အမှန်ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့တွေ ကစားပုံမျိုးစုံကို စမ်းသပ်ကစားကြည့်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ နောက်တန်း(၄) ဦး ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ နောက်တန်း (၃)ဦးပုံစံ ပြောင်းကစားခဲ့ပါတယ်။ အသင်းမှာ သေ ချာပေါက်ရှိသင့်တာက စိတ်အားထက်သန်မှုဖြစ်ပြီး ကျွန်တော့်ကစားသမားတွေက ပုံစံသစ်မှာ အသားကျဖို့အတွက် ကြိုးစားနေကြပါတယ်။ သူတို့တွေပျော်လည်း ပျော်နေကြပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်မှူး ဟီဂွါအင်ကို အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သဖြင့် တိုက်စစ်ကစားသမားတစ်ဦး အလျင်အမြန်လိုအပ်နေသည်ဟုလည်း ပီယာလိုက ပြောကြားခဲ့သည်။

ပီယာလိုက ”ကျွန်တော် တိုက်စစ်ကစားသမားတစ်ယောက်ကို မြန်နိုင်သမျှ မြန်မြန် လိုအပ်နေပါတယ်။ ဒါပေမဲ့ စျေးကွက်က ရှည်ကြာဦးမှာဖြစ်ပြီး အောက်တိုဘာအစအထိ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ လှုပ်ရှားဖို့အတွက် အချိန်ရပါသေးတယ်။ ပရိသတ်တွေ ကွင်းထဲဝင်ခွင့်ပြုဖို့လည်း ကျွန်တော် လိုလားနေပါတယ်။ အနည်းငယ်ပဲ ဝင်ခွင့်ပြုတာဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့တင်မဟုတ်ဘဲ ဥရောပတစ်ဝန်းလုံး လိုအပ်နေတာပါ”ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်ကစားသမား ရှာဖွေလျက်ရှိပြီး ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်နှင့် သတင်းများကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။

သို့ရာတွင် ပီယာလိုက စီးရီးအေတွင် အသားကျပြီးသားဖြစ်သည့် ရိုးမားဝါရင့်တိုက်စစ်မှူး ဂျက်ကိုကိုသာ ခေါ်ယူရန် လိုလားလျက်ရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular