ပြင်သစ်ထိပ်သီး PSG အသင်း နှင့် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းတို့သည် မန်ယူဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရိုအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ကက်စီမီရို (၃၁ နှစ်)သည် ယခုရာသီတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်သည်။
ကက်စီမီရိုသည် မန်ယူအသင်း ရောင်းမည့်ကစားသမားစာရင်းတွင် ပါဝင်နေသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် PSG နှင့် အယ်လ်ဟီလာအသင်းတို့သည် လာမည့်ဇန်နဝါရီတွင် ကက်စီမီရိုကို ခေါ်ယူလိုနေပြီး အခြေအနေကိုစောင့်ကြည့်နေကြကြောင်း သိရသည်။